DVB Logo
Home
မြန်မာသတင်း
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနကို NUG အစိုးရ ဖျက်သိမ်းသည့်အပေါ်  မေးခွန်းထုတ်ခံရ
DVB
·
December 12, 2025
အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာနကို NUG အစိုးရ ဖျက်သိမ်းသည့်အပေါ်  မေးခွန်းထုတ်ခံရ
Donate to DVB

ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အစိုးရအဖွဲ့မှာ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန ပြန်လည်ပါဝင်လာခြင်းမရှိတဲ့အပေါ် အရပ်ဘက်အဖွဲ့တွေက မေးခွန်းထုတ်လိုက်ပါတယ်။

တော်လှန်ရေးအတွင်းက အစိုးတရပ်အနေနဲ့ အမျိုးသမီးအရေး၊ လူငယ်နဲ့ ကလေးတွေရဲ့  အရေးကို ကိုယ်တွယ်ဆောင်ရွက်ပေးနိုင်မဲ့ ဝန်ကြီးဌာနနဲ့ တာဝန်ယူပေးနိုင်မဲ့ ခေါင်းဆောင်တွေ လိုအပ်ကြောင်း sister2sisters အဖွဲ့မှ သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။

“စိတ်မကောင်းဖွယ်ရာ ဖြစ်တယ်။ ကျမတို့ သိချင်တယ် ဘာကြောင့်လဲ ဘာခက်ခဲနေတာလဲ၊ ဘာလိုအပ်ချက်တွေ ရှိနေတာလဲ၊ ကျမတို့ ဝိုင်းဝန်းကူညီရမှာ ဘာတွေရှိသလဲလို့ မေးခွန်းကတော့ ခေါင်းထဲမှာ တန်းစီပေါ်လာတယ်ပေါ့။ သိပ်မကြာခင် စစ်အုပ်စုကတောင်မှ လူငယ်ဝန်ကြီးဌာနဖွဲ့ ထားတယ်၊ တော်လှန်ရေးက အရှေ့ရောက်နေတဲ့ အင်အားစုတွေမှာ လူငယ်ဝန်ကြီးဌာန ဖြုတ်ချလိုက်တာဆိုတဲ့ ဖြစ်ရပ်က တော်လှန်ရေးမှာ ပါဝင်နေတဲ့ လူငယ်တွေအတွက် သိပ်ကို ဝမ်းနည်းဖို့ကောင်းတယ်လို့ ကျမတို့မြင်တယ်။ CEDAW ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အမျိုးသမီးအရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ ကတိကဝတ်တွေပြုထားတဲ့ တော်လှန်ရေးတခုအနေနဲ့ အမျိုးသမီး ဝန်ကြီးဌာနက ရှိကို ရှိရမယ်၊ အထူးသဖြင့် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ထိခိုက်မှုတွေ မြောက်မြားစွာ ပြင်းထန်နေတဲ့ အချိန်မှာ ကျမတို့ အမျိုးသမီးထုနဲ့ လူငယ်ထုအရေး ကလေးသူငယ်တွေအတွက်ကို ဦးစားပေးပြောဆိုပေးမဲ့ နိုင်ငံရေးခေါင်းဆောင်လိုတယ်။”

တိုင်းရင်းသားတော်လှန်ရေးနယ်မြေတွေမှာလည်း အမျိုးသမီးနဲ့ လူငယ်တွေအပေါ် အကြမ်းဖက်မှုတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေက တနေ့ထက် တနေ့ပိုမိုများပြားနေတာဖြစ်လို့ အခုလို အချိန်ကာလမှာ ဝန်ကြီးဌာန ဖျက်သိမ်းလိုက်တာကြောင့် အမျိုးသမီး၊ လူငယ်နဲ့ ကလေးတွေအပေါ် အရေးတယူမရှိတာလားလို့ ကရင်နီအမျိုးသမီးအဖွဲ့အစည်း (KNOW) ကလည်း မေးခွန်းထုတ်ထားပါတယ်။

KNOW   အဖွဲ့မှ မော်ဗျားမာဦးက “မြေပြင်မှာက အမျိုးသမီးနဲ့ ကလေးတွေ အပေါ်မှာက အကြမ်းဖက်မှုတွေ ဖိနှိပ်မှုတွေ အခွင့်အရေး ဆုံးရှုံးမှုတွေက များပြားနေတယ် တနေ့ထက် တနေ့ပို ပီးတော့လည်း များနေတယ် ဒီလိုအမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ်မှာ ဒီလို အကြမ်းဖက်မှုတွေ အခွင့်အရေးချိုးဖောက်မှုတွေက အရေးတယူဖြေရှင်းရမယ့် အနေအထားမျိုးရှိတယ်၊ ဆိုတော့ ကျမတို့ သုံးသပ်တာက အမျိုးသမီးနဲ့ ကလေးတွေရဲ့ ကိစ္စတွေကို အရေးတယူမလုပ်တာလားဆိုတဲ့အပေါ်မှာမှတ်ချက်ပေးလိုတယ်၊ အရေးတယူ အသိမှတ်ပြုမရှိတာလားဆိုတဲ့အပေါ်မှာလည်း သံသယဖြစ်စရာရှိတယ်ပေါ့”လို့ ပြောပါတယ်။

အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲတဲ့ နော်စူစန်နာ လှလှစိုးက “အာဏာသိမ်းပြီးနောက်မှာ နယ်စပ်ဒေသကို ထွက်လာခဲ့ပြီးနောက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ လက်ရှိမှာတော့ အနားယူလိုက်ပါပြီ။ ဒါပေမဲ့  NUG အစိုးရရဲ့  ဘုတ်အဖွဲ့ဝင်၊ အကြံပေး ပုဂ္ဂိုလ်အနေနဲ့ ဆက်လက် ကူညီပံ့ပိုးနေတယ်လို့” DVB ကို ပြောပါတယ်။ 

ဒုဝန်ကြီးအဖြစ်တာဝန်ယူခဲ့တဲ့ မအိသဉ္ဇာမောင်ကလည်း တော်လှန်ရေးတွင်းမှာ ဆက်လက်ရှိနေမှာ ဖြစ်ပေမဲ့ လူငယ်တွေကို နေရာပေးချင်လို့ ဒုဝန်ကြီးအဖြစ်က ရပ်နားဖို့ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုထားပါတယ်။

တဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့နဲ့ ဝန်ကြီးဌာနတွေကို လျှော့ချပြင်ဆင်ဖွဲ့စည်းဖို့  တော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက တောင်းဆိုတိုက်တွန်းနေကြတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက်မှာတော့  အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်းနဲ့ ဝန်ကြီးဌာနတချို့ပူးပေါင်းတာ၊ တချို့ကိုဖျက်သိမ်းတာ၊ ဝန်ကြီးတချို့နဲ့ ဒုဝန်ကြီးတချို့ကို တာဝန်ပြောင်းရွေ့တာတွေ ပြုလုပ်ကြောင်း ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ဝေဝေ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013