DVB Logo
Home
နိုင်ငံတကာ
အမေရိကန်ရေတပ်က ပင်လယ်ဓားပြကဲ့သို့ ပြန်ပေးဆွဲ လုယက်နေဟု   မာဒူရိုဝေဖန်  
DVB
·
December 12, 2025
အမေရိကန်ရေတပ်က ပင်လယ်ဓားပြကဲ့သို့ ပြန်ပေးဆွဲ လုယက်နေဟု   မာဒူရိုဝေဖန်  
Donate to DVB

ဝါရှင်တန်ဟာ ဗင်နီဇွဲလားရေနံစိမ်းစည် ၁ ဒသမ ၉ သန်း တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘော တစင်းကို ဖမ်းဆီးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၁ ရက်မှာ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုက အမေရိကန်ပြည်ထောင်စုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး "ရာဇဝတ်မှုဆိုင်ရာ ရေတပ် ဓား ပြတိုက်မှု" လို့လည်း ခေါ်ဆိုသုံးနှုန်းလိုက်ပါတယ်။ 

အမေရိကန်ဟာ ဒီဇင်ဘာ ၁၀ ရက် ဗုဒ္ဓဟူးနေ့က ဗင်နီဇွဲလားကမ်းရိုးတန်းမှာ  ရေနံတင်သင်္ဘောကို သိမ်းဆည်းခဲ့တာဖြစ်ပြီး  ၂၀၁၉ ခုနှစ်မှာ ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက်ပိုင်း ဗင်နီဇွဲလား ရေနံတင်သင်္ဘော တစင်းကို ပထမဆုံးအကြိမ် သိမ်းဆည်းခြင်းဖြစ်ပါတယ်။ 

ရုပ်မြင်သံကြားမှ မာဒူရိုက မိန့်ခွန်းပြောကြားရာမှာ အမေရိကန်ဟာ Pirates of the Caribbean ရုပ်ရှင်လိုမျိုး စစ်ရေးတိုက်ခိုက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လုယက်မှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ပုဂ္ဂလိက အရပ်ဘက် ကုန်တင်သင်္ဘော တစင်းလို့ မာဒူရိုက ပြောတဲ့ ပိတ်ဆို့အရေးယူခံထားရတဲ့ သင်္ဘောဟာ အတ္တလန္တိတ်သမုဒ္ဒရာကို ချဉ်းကပ်လာချိန်မှာ ဂရီနေဒါအနီးရှိ ဗင်နီဇွဲလားရေပိုင်နက်မှ ကွာဝေးတဲ့နေရာမှာ သိမ်းဆည်းခံခဲ့ရတာဖြစ်ကြောင်း သူက ဆိုပါတယ်။ 

"သူတို့က သင်္ဘောသားတွေကို ပြန်ပေးဆွဲခဲ့တယ်၊ သင်္ဘောကို ခိုးယူခဲ့တယ်" လို့ မာဒူရိုက ပြောကြား ခဲ့ပါတယ်။ 

"သူတို့က ကာရစ်ဘီယံမှာ ရာဇဝတ်မှုဆိုင်ရာ ရေတပ်ဓားပြခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့တယ်။" မာဒူရိုက သင်္ဘောသားတွေရဲ့ တည်နေရာကို မသိရသေးဘူးလို့ ဆိုပါတယ်။ သူ့အစိုးရဟာ တရား ဥပဒေနဲ့ သံတမန်ရေးအရ အရေးယူဆောင်ရွက်ပြီး ဗင်နီဇွဲလား ရေနံတင်ပို့မှုတွေကို ကာကွယ်ဖို့ အစီအမံတွေ ချမှတ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ 

ဒီသိမ်းဆည်းမှုဟာ ဒေသတွင်းမှာ စစ်ရေးအင်အား အများအပြား တည်ဆောက်ဖို့ အမိန့် ပေးပြီးနောက် ဗင်နီဇွဲလားနဲ့ ဆက်စပ်နေတဲ့ ရေနံတင်သင်္ဘော တစင်းကို ထရမ့်ပ်အစိုးရရဲ့ ပထမဆုံး လူသိများတဲ့ အရေးယူမှု ဖြစ်ပါတယ်။ 

သမ္မတထရမ့်ပ်ဟာ ဗင်နီဇွဲလားမှာ အမေရိကန် စစ်ရေးအရ ဝင်ရောက်စွက်ဖက်နိုင်ခြေကို အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

အမေရိကန်ဟာ မကြာသေးခင် ရက်သတ္တပတ်တွေအတွင်း မူးယစ်ဆေးဝါး သံသယရှိ သင်္ဘောတွေကို တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်လို့ ကရစ်ဘီယံမှာ စစ်ရေးလှုပ်ရှားမှု တွေရဲ့ အတိုင်းအတာနဲ့ ပတ်သက်ပြီး ဥပဒေပြုအမတ်တွေနဲ့ ဥပဒေပညာရှင်တွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013