DVB Logo
Home
နိုင်ငံတကာ
မီးခိုးမြူကြောင့် ဟနွိုင်းမြို့တော်၌ လေထုညစ်ညမ်းပြီး အသက်ရှူရ ခက်ခဲနေ
DVB
·
December 12, 2025
မီးခိုးမြူကြောင့် ဟနွိုင်းမြို့တော်၌ လေထုညစ်ညမ်းပြီး အသက်ရှူရ ခက်ခဲနေ
Donate to DVB

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော် ဟနွိုင်းမှာ ဒီဇင်ဘာ ၁၁ ရက်က ကျန်းမာရေးနဲ့ အလွန်မညီညွတ်တဲ့ လေထုညစ်ညမ်းမှုကို မှတ်တမ်းတင်ခဲ့ပြီး မီးခိုးမြူတွေကြောင့် မြင်ကွင်းတွေ မှုန်ဝါးနေခဲ့ပါတယ်။

မြို့တော်ဟနွိုင်းမှာ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီမှာ လေထုအရည်အသွေးညွှန်းကိန်း (AQI) က ၂၁၃ အဆင့်မှာ ရှိနေတယ်လို့ လေထုအရည်အသွေးကို စောင့်ကြည့်တဲ့ ဆွစ်ဇာလန် ညစ်ညမ်းမှုစောင့်ကြည့်တဲ့ နည်းပညာကုမ္ပဏီ IQAir က ဆိုပါတယ်။

မြို့ပြဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်တဲ့ ဒေသအတွင်း ထုတ်လုပ်ရေးဗဟိုချက်ဖြစ်တဲ့ အရှေ့တောင်အာရှနိုင်ငံ ဗီယက်နမ်ရဲ့ အထူးသဖြင့် ဟနွိုင်းမြို့တော်မှာ လေထုညစ်ညမ်းမှုကို အပြင်းအထန် ခံစားနေရတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။

“ကျနော် အမြဲတမ်း ပါးစပ်နှာခေါင်းစည်းကို တပ်ထားရတယ်” လို့ ဟနွိုင်းမှာ အလုပ်လုပ်တဲ့ အသက် ၃၀ အရွယ် ဖမ်သူဇန်းက ပြောပါတယ်။

သယ်ယူပို့ဆောင်ရေး၊ စက်မှုထုတ်လုပ်မှု၊ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ အမှိုက်တွေနဲ့ စိုက်ပျိုးရေး အကြွင်းအကျန်တွေကို မီးရှို့တာက မြို့တော်ရဲ့ လေထုညစ်ညမ်းမှုအတွက် အဓိက အကြောင်းအရင်းတွေလို့ အာဏာပိုင်တွေက အပြစ်တင်ကြပါတယ်။

မြို့တော်ဟာ ၂၀၂၆ နှစ်လယ်ပိုင်းကစပြီး မြို့လယ်ခေါင်ဒေသတွေမှာ ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်တွေကို တစိတ်တပိုင်း ပိတ်ပင်မှာဖြစ်ပြီး နောက်ပိုင်းမှာ ရုပ်ကြွင်းလောင်စာသုံး ကားတွေအထိ ပိတ်ပင်မှုကို တဖြည်းဖြည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနဟာ အခုအပတ်အစောပိုင်းမှာ လေထုထဲမှာ အချင်း ၂ ဒသမ ၅ မိုက်ခရိုမီတာထက် သေးတဲ့ အမှုန်တွေ ပါဝင်နှုန်း PM2.5 အဆင့် ၂၀၀ အထက်မှာ ရှိနေချိန်မှာ  လျှပ်စစ်ဓာတ်အား၊ သံမဏိနဲ့ ဓာတုဗေဒစက်ရုံတွေကို လုပ်ငန်းတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013