DVB Logo
Home
နိုင်ငံတကာ
ဟူသီဖမ်းဆီးထားသည့် ကုလဝန်ထမ်းအချို့ကို တရားရုံးတင်မှု ကုလသမဂ္ဂအကြီးအကဲ ရှုတ်ချ
DVB
·
December 11, 2025
ဟူသီဖမ်းဆီးထားသည့် ကုလဝန်ထမ်းအချို့ကို တရားရုံးတင်မှု ကုလသမဂ္ဂအကြီးအကဲ ရှုတ်ချ
Donate to DVB

ယီမင်နိုင်ငံရှိ ဟူသီသူပုန်တွေဟာ သူတို့ဖမ်းဆီးထားတဲ့ ဒါဇင်နဲ့ချီတဲ့ ကုလသမဂ္ဂဝန်ထမ်းတွေထဲက တချို့ကို အထူးရာဇ၀တ်မှုတရားရုံးကို လွှဲပြောင်းပေးအပ်လိုက်တဲ့အပေါ် ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်က ရှုတ်ချကြောင်း ကုလပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၉ ရက်မှာ ပြောကြားပါတယ်။

ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ဟူသီတွေဟာ ယီမင်နိုင်ငံသား ကုလသမဂ္ဂဝန်ထမ်း ၅၉ ယောက်ကို မတရား ဖမ်းဆီးထားကာ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး သူတို့ကို “နှစ်ပေါင်းများစွာ ဘာလုပ်ထုံးလုပ်နည်းမှမရှိဘဲ အဆက်အသွယ်မရအောင် ထိန်းသိမ်းထားတာ” လို့ ပြောပါတယ်။

ယီမင်နိုင်ငံသားတွေ အပါအဝင် ကုလသမဂ္ဂ ဝန်ထမ်းတွေဟာ သူတို့ရဲ့ တရားဝင် အလုပ်ရာထူးနဲ့ ဆောင်ရွက်တဲ့ လုပ်ရပ်အားလုံးနဲ့ ပတ်သက်ပြီး တရားဥပဒေအရ လုပ်ငန်းစဉ်တွေကနေ ကင်းလွတ်ခွင့် ရှိပါတယ်လို့လည်း  ဒူဂျာရစ်က ပြောပါတယ်။

အာဏာပိုင်တွေအနေနဲ့ အမှုတွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်းအားလုံးကို ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂဟာ ယီမင်ပြည်သူတွေကို ထောက်ပံ့ပေးဖို့နဲ့ အခြေခံအားဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ဖို့ ကတိကဝတ်ပြုထားဆဲ ဖြစ်တယ်လို့လည်း ဒူဂျာရစ်က ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013