DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ကြောင်း လွှတ်တော်အမတ်များသမဂ္ဂက ဂျပန်အစိုးရကို တိုက်တွန်း 
DVB
·
December 11, 2025
စစ်အုပ်စုရွေးကောက်ပွဲကိုဆန့်ကျင်ကန့်ကွက်ကြောင်း လွှတ်တော်အမတ်များသမဂ္ဂက ဂျပန်အစိုးရကို တိုက်တွန်း 
1 / 2
Donate to DVB

အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးတိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ ပိုမိုပြင်းထန်တဲ့ ဆန့်ကျင်မှုကို ဖြစ်စေနိုင်ပြီး ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ပိုမိုခက်ခဲလာမှာကို လေးလေးနက်နက် စိုးရိမ်ပူပန်ကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးတဲ့ ဂျပန်လွှတ်တော် အမတ်များသမဂ္ဂက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနထံ အိပ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။

မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးတဲ့ ဂျပန်ပါလီမန်လွှတ်တော်အမတ်များသမဂ္ဂမှ လွှတ်တော်အမတ်တွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကူနိမစ်စုအယာနိုထံ  ဒီဇင်ဘာ ၁၀ ရက်က သွားရောက်တွေ့ဆုံပြီး စာပေးပို့ ပြောကြားခဲ့တာပါ။ 

စစ်ကောင်စီကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ  ဘယ်လိုအနက်အဓိပ္ပာယ်နဲ့မှ လွတ်လပ်ပြီး တရားမျှတတယ်လို့ ပြောလို့မရကြောင်း စာထဲမှာ တိုက်တွန်းထားပါတယ်။

ဂျပန်လွှတ်တော်အမတ် ၆၇ ယောက် အပါအဝင် သြစတြေးလျ၊ နယူးဇီလန်နဲ့ အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ် ၂၆၃ ယောက် စုပေါင်းတောင်းဆိုထားတဲ့ အဆိုပါ အိပ်ဖွင့်ပေးစာကို ဂျပန်နိုင်ငံရှိ ပါတီအသီးသီးမှပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသော လွှတ်တော်အမတ်များသမဂ္ဂ  ဥက္ကဋ္ဌ ကွန်ဒိုရှိုအိချိဦးဆောင်တဲ့အဖွဲ့က သွားရောက်ပေးအပ်ခဲ့တာပါ။ 

တောင်းဆိုစာကို လက်ခံစဉ် ဒုနိုင်ငံခြားရေးဝန်ကြီးအယာနိုက တောင်းဆိုစာပါ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီး ဂျပန်အစိုးရအနေနဲ့ နောက်ပိုင်းအခြေအနေတွေကို သတိထားစောင့်ကြည့်ကာ သင့်လျော်တဲ့ တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်ဆိုပြီး ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ တောင်းဆိုစာ ပေးအပ်ရာမှာပါဝင်တဲ့ အထက်လွှတ်တော်အမတ် အီရှိဘာရှီမီချီဟီရိုက ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဆီက ကောက်ယူထားတဲ့ ရွေးကောက်ပွဲစစ်တမ်းရလဒ်ကိုလည်း ဒုနိုင်ငံခြားရေးဝန်ကြီးထံကို တပါတည်း ပေးအပ်ခဲ့ပါတယ်။

အဆိုပါ လွှတ်တော်အမတ်များအဖွဲ့ဟာ ဒီဇင်ဘာ ၂ ရက်ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီဒေါ်ဇင်မာအောင်နဲ့အတူ ဂျပန်လွှတ်တော်မှာ မြန်မာ့စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကြားနာပွဲတခု စီစဉ်ကျင်းပခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၈ ရက်ကလည်း ဂျပန်လွှတ်တော်အစည်းအဝေးအတွင်း ဂျပန်လွှတ်တော်အမတ် ဆခခုချီက မြန်မာနိုင်ငံမှာ စစ်အုပ်စုက ကျင်းပမဲ့ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ တင်းသွင်းတောင်းဆိုထားပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013