DVB Logo
Home
နိုင်ငံတကာ
ငွေကြေးခဝါချမှုသံသယဖြင့် အာဂျင်တီးနားဘောလုံးအသင်းများ စီးနင်းခံရ
DVB
·
December 10, 2025
ငွေကြေးခဝါချမှုသံသယဖြင့် အာဂျင်တီးနားဘောလုံးအသင်းများ စီးနင်းခံရ
Donate to DVB

အာဂျင်တီးနားနိုင်ငံမှာ ပြည်ထောင်စုတရားသူကြီးတယောက်က ငွေကြေးခဝါချမှုသံသယကို စုံစမ်းစစ်ဆေးရေး တစိတ်တပိုင်းအဖြစ် အာဂျင်တီးနားဘောလုံးအသင်းနဲ့ ဘောလုံးကလပ် ၁၀ ခုကျော်ကို စီးနင်းဖို့ အမိန့်ပေးခဲ့တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြပါတယ်။

ဒီဇင်ဘာ ၉ ရက် မနက်မှာ ဘွေနော့စ်အေးရီးစ် မြို့တော်က အာဂျင်တီးနားဘောလုံးအသင်း (AFA) ရဲ့ ရုံးချုပ်ကို ပြည်ထောင်စုရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပါတယ်။

စီးနင်းမှုတွေဟာ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ ဆာရ် ဖီနန်ဇက်စ်နဲ့ ဆက်စပ်နေတဲ့ ငွေကြေးခဝါချမှု စွပ်စွဲချက်တွေကနေ ဆင်းသက်လာတာလို့ လာနာစီယွန် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ထိပ်တန်းကလပ်တွေဖြစ်တဲ့ ရေးဆင်း၊ စန် လိုရန်ဇိုနဲ့ အင်ဒီပန်နီယန်တေ အပါအဝင် ဘောလုံးကလပ် ၁၀ ခုကျော်ကို စီးနင်းဖို့ တရားသူကြီးက အမိန့်ပေးခဲ့ပါတယ်။

ဆာရ် ဖီနန်ဇက်စ်၊ AFA နဲ့ အစိုးရရှေ့နေတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်ပါဘူး။

တရားသူကြီးက စီးနင်းဖို့ အမိန့်ပေးခဲ့တယ်လို့ လာနာစီယွန်က ပြောခဲ့တဲ့ ဘွေနော့စ်အေးရီးစ်ပြည်နယ်၊ လိုမက်စ်ဒေ ဇာမိုရာ ခရိုင်က ပြည်ထောင်စုတရားရုံးကိုလည်း ချက်ချင်းဆက်သွယ်လို့ မရသေးပါဘူး။

ရေးဆင်း၊ စန် လိုရန်ဇိုနဲ့ အင်ဒီပန်နီယန်တေ ကလပ်အသင်းတွေကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းမတုံ့ပြန်သေးပါဘူး။

ဘောလုံးအသင်းတွေနဲ့ ဆာရ် ဖီနန်ဇက်စ် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတို့ကြား ငွေလွှဲပြောင်းမှုတွေကို အာရုံစိုက်တဲ့ ရာဇဝတ်မှုဆိုင်ရာ တိုင်ကြားမှုတခုကနေ စုံစမ်းစစ်ဆေးမှု ပေါ်ပေါက်လာတာလို့ လာနာစီယွန် သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013