DVB Logo
Home
မြန်မာသတင်း
မိုးကုတ်တွင် စစ်ကောင်စီကို ထိုးစစ်ဆင်နေပြီး စခန်း ၁ ခု သိမ်းထားဟု NUG ထုတ်ပြန်
DVB
·
December 6, 2025
မိုးကုတ်တွင် စစ်ကောင်စီကို ထိုးစစ်ဆင်နေပြီး စခန်း ၁ ခု သိမ်းထားဟု NUG ထုတ်ပြန်
Donate to DVB

မိုးကုတ်-မိုးမိတ်ဒေသမှာ ဒီတပတ်အတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၉ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်တပ်ရဲ့ အရေးပါတဲ့ ခြေကုပ်စခန်းတခုကို သိမ်းပိုက်ထားနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG/MOD) က ဒီဇင်ဘာ ၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့ကစပြီး မိုးကုတ်မြို့ထဲက စစ်တပ်‌ခြေကုပ်ယူလာတဲ့ နယ်မြေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ မိုးကုတ်-မိုးမိတ်ဒေသ နောက်ဆုံးအခြေအနေတွေကို ထုတ်ပြန်လာတာဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေက မိုးကုတ် - မိုးမိတ် ဒေသကို ကျူးကျော်လာတဲ့ စစ်အုပ်စုကို ပြည်သူလူထုနဲ့လက်တွဲပြီး တိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်အနေနဲ့ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်နေ့ကတည်းက ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းက PDF တွေ၊ ပကဖ တွေကို စုစည်းစေပြီးနောက် တသမတ်တည်း အမိန့်ပေးကွပ်ကဲမှု စနစ်အောက်ကတဆင့် စစ်ဆင်ရေးကိစ္စတွေကို အနီးကပ်ကြီးကြပ်ကွပ်ကဲနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မဟာမိတ်တွေက မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တွေကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လထဲမှာ သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ ကြားဝင်မှုနဲ့ ပြန်လည်လက်လွှတ်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက် ညမှာ မိုးကုတ်မြို့ထဲကို ကားအစီးရေ ၁၀၀ ကျော်နဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013