DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ပေါ်တူဂီအသင်းက  ခရိုအေးရှားကိုအနိုင်ယူပြီး  နောက်တဆင့် 
DVB
·
July 3, 2026
ပေါ်တူဂီအသင်းက  ခရိုအေးရှားကိုအနိုင်ယူပြီး  နောက်တဆင့် 
1 / 13
Photo: Reuters
Donate to DVB

၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား  ၃၂ သင်း ရှုံးထွက်အဆင့်ပွဲစဉ်မှာ  ပေါ်တူဂီအသင်းက စီရော်နယ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးအပါအဝင် ခရိုအေးရှား အသင်းကို  (၂-၁) ဂိုးနဲ့အနိုင်ရပြီး နောက်တဆင့် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။

ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့အားကစားကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ  ပထမပိုင်းမှာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျနေခဲ့ပြီး ဒုတိယပိုင်း  ၅၃ မိနစ်မှာ  ခရိုးအေးရှားအသင်းက  ပါရီဆစ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် ၆၈ မိနစ်မှာတော့ ပေါ်တူဂီအသင်းရတဲ့ပင်နယ်တီကို အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒိုက သူ့ရဲ့ပုံစံအတိုင်း သွင်းယူပြီး ချေပဂိုးရသွားခဲ့ပါတယ်။ ဒီနောက် ရော်နယ်ဒိုဟာ ၈၁ မိနစ်မှာ လူစားလဲခြင်း ခံခဲ့ရပါတယ်။

ဒုတိယပိုင်း မိနစ် ၉၀ အပြီး နာကျင်အချိန်ပို ၄ မိနစ်မှာ လီယာအိုရဲ့ ကောင်းမွန်လှပတဲ့ ဖြတ်တင်ဘောကနေဆင့် ဂွန်ကာလို ရာမို့စ်က ပေါ်တူဂီအတွက် အနိုင်ဂိုးကို ခရိုအေးရှား နောက်ခံလူ ၂ ယောက်ကြားကနေ ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာပါ။

ခရိုအေးရှားအသင်းကလည်း ၁၀၃ မိနစ်မှာ ချေပဂိုးထပ်သွင်းခဲ့တာမှာ လူကျွံဘော အဖြစ်သတ်မှတ်ခဲ့လို့ ဂိုးပယ်ဖျက်ခံခဲ့ရပါတယ်။

အစောပိုင်းမှာလည်း ခရိုအေးရှားအသင်းရဲ့ သွင်းဂိုး တဂိုး ပယ်ဖျက်ခံရသလို ရော်နယ်ဒိုရဲ့ သွင်းဂိုး တဂိုးလည်း လူကျွံနေတဲ့အတွက် ဂိုးမရခဲ့ပါဘူး။

ဒီပွဲအနိုင်ရသွားတဲ့  ပေါ်တူဂီအသင်းဟာ နောက်တဆင့် ၁၆ သင်း ရှုံးထွက်အဆင့်မှာ   စပိန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013