DVB Logo
Home
နိုင်ငံတကာ
ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်နေရမည်ဟု နေတိုးထိပ်တန်းတပ်မှူးပြော 
DVB
·
December 5, 2025
ခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန် အဆင်သင့်ဖြစ်နေရမည်ဟု နေတိုးထိပ်တန်းတပ်မှူးပြော 
Donate to DVB

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (နေတိုး) ဟာ သူ့အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်မြေကို ကာကွယ်ဖို့အတွက် စစ်ရေးနဲ့ စစ်ရေးမဟုတ်တဲ့ နည်းဗျူဟာ ၂ မျိုးလုံး ပေါင်းစပ်ပါဝင်နေတဲ့ ဟိုက်ဘရစ်ခြိမ်းခြောက်မှုတွေ တိုးလာနေတာကို တုံ့ပြန်ဖို့ အဆင်သင့်ဖြစ်နေရမယ်လို့ နေတိုး မဟာမိတ်အဖွဲ့ရဲ့ ထိပ်တန်းစစ်ဦးစီးချုပ် အလက်ခ်ဆပ်စ် ဂရင်းန်ကယ်ဝစ်ချ် က ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။

ခြိမ်းခြောက်မှုတွေထဲမှာ ရန်သူ့လုံခြုံရေးကို ထိခိုက်စေဖို့ ဒီဇိုင်းထုတ်ထားတဲ့ စစ်ရေးအပြင် စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာ စသဖြင့် နည်းလမ်းမျိုးစုံ ပါဝင်နေတာကို ရည်ညွှန်းတာဖြစ်ပြီး ပုံမှန်အားဖြင့် ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းအမှားတွေ ဖြန့်ဝေခြင်းအပြင် အဓိက အခြေခံအဆောက်အအုံတွေကို ဖျက်ဆီးတာနဲ့ ဒရုန်းတွေ သို့မဟုတ် ပုံမှန်မဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို အသုံးပြုတာတွေလည်း ပါဝင်ပါတယ်။ 

ကမ္ဘာတဝန်းရှိ ကျွန်ုပ်တို့ရဲ့ ဆန့်ကျင်ဘက်အဖွဲ့တွေက ပိုပြီး ညှိနှိုင်းပေါင်းစည်းလာနေတဲ့ အခြေအနေကြောင့် ယူရို-အတ္တလန်တစ်ဒေသကို အတတ်နိုင်ဆုံး ခိုင်မာအောင်ပြုလုပ်တာနဲ့ မြောက်ပိုင်းအာတိတ်ဒေသမှာ ကျွန်ုပ်တို့ရဲ့ ကာကွယ်ရေးအနေအထားကို ပိုမိုအားကောင်းအောင် ဆောင်ရွက်ခြင်းက အလွန်အရေးကြီးပါတယ်လို့လည်း ပြောပါတယ်။

နည်းလမ်းမျိုးစုံ ပေါင်းစပ်ပါဝင်တဲ့ ဟိုက်ဘရစ်ခြိမ်းခြောက်မှုတွေက တကယ့်ပြဿနာတရပ် ဖြစ်ပြီး ဒါတွေ ပိုဖြစ်လာတော့မယ်လို့ ခန့်မှန်းထားကြောင်း နေတိုးရဲ့ ဥရောပ မဟာမိတ်တပ်မှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး အလက်ခ်ဆပ်စ် ဂရင်းန်ကဝစ်ချ်က ဘယ်လ်ဂျီယံနိုင်ငံ မွန်းစ်မြို့ပြင်ရှိ မဟာမိတ်တပ်တွေရဲ့ စစ်ဌာနချုပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။

ဥရောပမှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တချို့မှာ ပေါ့ဆမှုဖြစ်ပြီး တချို့မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ကြောင်း ဂရင်းန်ကယ်ဝစ်ချ်က ပြောပါတယ်။

ဟိုက်ဘရစ်ခြိမ်းခြောက်မှုဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတယ်ဆိုတာ ပြောဖို့အရေးကြီးကြောင်းနဲ့ အဲဒီဖြစ်ရပ်တွေထဲက တချို့ရဲ့ နောက်ကွယ်မှာ ရုရှားနိုင်ငံ ရှိနေတာကို မဟာမိတ်အဖွဲ့က သိရှိထားကြောင်းလည်းသူက ပြောပါတယ်။

ရုရှားကတော့ အနောက်နိုင်ငံတွေကို ထိခိုက်စေတဲ့ ဒရုန်းဖြစ်ရပ်တွေနဲ့ ဆိုက်ဘာ တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်မှာ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မကြာခဏ ငြင်းဆိုလေ့ရှိပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013