DVB Logo
Home
နိုင်ငံတကာ
ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကျော် မက္ကဆီကိုမှတဆင့် နေရပ်ပြန်
DVB
·
December 4, 2025
ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူ ၃၀၀ ကျော် မက္ကဆီကိုမှတဆင့် နေရပ်ပြန်
Donate to DVB

ဗင်နီဇွဲလားအစိုးရရဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် နေရပ်ပြန်ပို့ရေး အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် ဗင်နီဇွဲလားနိုင်ငံသား ၃၀၀ ကျော်ဟာ ဒီဇင်ဘာ ၃ ရက်မှာ နေရပ်ပြန်ခဲ့ကြပြီး သူတို့ထဲက အများစုဟာ မက္ကဆီကိုကတဆင့် အမေရိကန်ပြည်ထောင်စုကို ရောက်ရှိဖို့ ကြိုးစားခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဆမွန်းန် ဘိုလိဗာ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ လေယာဉ်မှာ ကလေး ၁၄၀ ကျော် အပါအဝင် လူ ၃၀၄ ယောက် လိုက်ပါလာကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီး အီဗန် ဂျီးလ်က ပြောကြားခဲ့ပါတယ်။

အီဗန်ဂျီးလ်က“မက္ကဆီကိုမှာရှိနေတဲ့ နိုင်ငံသား ၃၀၄ ဦးဟာ သူတို့သဘောဆန္ဒအလျောက် နေရပ်ပြန်ဖို့ တောင်းဆိုခဲ့ကြပြီး သမ္မတ နိကိုလပ်စ် မာဒူရို ဖန်တီးထားတဲ့ အစီအစဉ်ကြောင့် သူတို့ဟာ ဘေးမသီ ရန်မခ၊ စိတ်ကျေနပ်မှုရှိရှိ၊ သက်တောင့်သက်သာနဲ့ နေရပ်ပြန်နိုင်ခဲ့ပါပြီ” လို့ ဆိုပါတယ်။

အမေရိကဘက်က ဒီလေယာဉ်ခရီးစဉ်ကို နှုတ်မိန့်နဲ့ ရပ်ဆိုင်းထားတာကို သမ္မတ မာဒူရိုက ချက်ချင်းခွင့်ပြုခဲ့တာဖြစ်ပြီး ဒီနေရပ်ပြန် အစီအစဉ်ကြောင့် အခုနှစ်မှာ ဒီလေယာဉ်နဲ့ပဲ လေကြောင်းခရီးနဲ့ ပြန်လာခဲ့ကြတဲ့  နိုင်ငံသား ၁၈,၀၈၈ ယောက် ရှိသွားပြီလို့လည်း ဆိုပါတယ်။

ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ အမေရိကန်ပြည်ထောင်စုက လေယာဉ်တစင်းဟာ ဗုဒ္ဓဟူးနေ့မှာ ဗင်နီဇွဲလားကို ဆင်းသက်ခဲ့ကြောင်း ရိုက်တာသတင်းဌာနရဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အမေရိကန်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန်မှာ ၂ နိုင်ငံကြား ပျံသန်းမှုတွေကို ခေတ္တ ရပ်ဆိုင်းထားပြီးနောက် အမေရိကန်ပြည်ထောင်စု အာရီဇိုးနားပြည်နယ် ဖီးနစ်ခ်စ်မြို့ကနေ အိစတန်းန် လေကြောင်းလိုင်းက လေယာဉ်တစင်းကို ဗင်နီဇွဲလားမြို့တော် ကရာကာ့စ်အနီးရှိ မိုင်ကက်တီယာမြို့မှာ ဆင်းသက်ခွင့်ပြုခဲ့ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013