
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ၁၈ ရက်သာ တာဝန်ယူခဲ့တဲ့ တူနီးရှားအသင်းရဲ့ နည်းပြ ဟာဗေးရီနာ့ဒ်ဟာ ရာထူးကနေ ရုတ်တရက် နုတ်ထွက်သွားပါတယ်။
ရီနာ့ဒ်လက်ထက်မှာ တူနီးရှားအသင်းဟာ ဂျပန်ကို (၄-၀) ဂိုး၊ နယ်သာလန်ကို (၃-၁) ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး အသင်းရဲ့ ဆိုးရွားတဲ့ ခြေစွမ်းကြောင့် ဒီလို ဆုံးဖြတ်ခဲ့တာပါ။
ရီနာ့ဒ်ကတော့ တူနီးရှားအသင်းကို ကိုယ်စားပြုခွင့်ရတာ ဂုဏ်ယူကြောင်း ပြောကြားခဲ့ပါတယ်။ အသင်းအတွက် အနာဂတ်မှာ အကောင်းဆုံးဖြစ်ဖို့လည်း ဆုတောင်းပေးခဲ့ပါတယ်။
ရီနာ့ဒ်ဟာ အရင်က မော်ရိုကိုနဲ့ ဆော်ဒီအာရေဗျတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြကောင်းတယောက် အဖြစ် သတ်မှတ်ခံခဲ့ရဖူးပါတယ်။











