DVB Logo
Home
အားကစား
ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ၌ မြန်မာနှင့် ဖိလစ်ပိုင် ယှဉ်ပြိုင်မည်
DVB
·
December 4, 2025
ဆီးဂိမ်းစ် ဘောလုံးပြိုင်ပွဲ၌ မြန်မာနှင့် ဖိလစ်ပိုင် ယှဉ်ပြိုင်မည်
Donate to DVB

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ ၃၃ ကြိမ်မြောက်ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်အဖြစ် မနက်ဖန် ဒီဇင်ဘာ ၅ ရက်နေ့မှာ  မြန်မာအသင်း ယူ -၂၂ အသင်းက ဖိလစ်ပိုင်အသင်းနဲ့  စတင်ရင်ဆိုင်သွားရမှာ ဖြစ်သလို မြန်မာအမျိုးသမီးအသင်းကလည်း ဖိလစ်ပိုင်အသင်းနဲ့ စတင်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အမျိုးသားဘောလုံးပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၉ နိုင်ငံကို ၃ သင်းတအုပ်စုခွဲထားပြီး  မြန်မာယူ-၂၂ အမျိုးသား အသင်းက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်အသင်းတိုနဲ့ အုပ်စု C မှာကျရောက်ခဲ့တာပါ။

မြန်မာယူ-၂၂ အသင်းဟာ ဒီဇင်ဘာ ၅ ရက်နေ့ ချင်းမိုင်မြို့မှာ  ဖိလစ်ပိုင်အသင်းနဲ့ အဖွင့်ပွဲကစားရမှာဖြစ်ပြီး ဒီဇင်ဘာ၁၂ရက်မှာ အင်ဒိုနီးရှားနဲ့ အုပ်စုနောက်ဆုံးပွဲကစားသွားရမှာပါ။ 

အုပ်စု ၃ ခုက ထိပ်ဆုံး အသင်းတသင်းစီနဲ့ အကောင်းဆုံးအုပ်စုဒုတိယတသင်းက ဆီမီးဖိုင်နယ် ကစားခွင့်ရရှိမှာပါ။

မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နည်းပြ ကူယိုဆာကီက တာဝန်ယူနေပြီး  ပေါ်တူဂီစတုတ္ထတန်းကလပ် အက်စ်ပယ်ရမ်ကာဒီလာဂိုစ်က တိုက်စစ်မှူး သူရိန်ထွန်းအပါအဝင် ပြည်တွင်းလိဂ်ကလပ်တွေက ကစားသမားတွေနဲ့ ဖွဲစည်းထားတာပါ။

အလားတူ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းဟာလည်း  ဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ရောက်ရှိနေ လေ့ကျင့်နေပါတယ်။

မြန်မာအမျိုးသမီးအသင်းဟာ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဗီယက်နမ်အသင်းတွေနဲ့ တအုပ်စုတည်းကျပြီး ဒီဇင်ဘာ ၅ ရက်မှာ ဖိလစ်ပိုင်၊ ဒီဇင်ဘာ ၈ ရက်မှာ မလေးရှား၊ ဒီဇင်ဘာ ၁၁ ရက်မှာ ဗီယက်နမ် အသင်းတွေနဲ့ အုပ်စုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားရမှာပါ။ 

ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပွဲစဉ်တွေကို ဒီဇင်ဘာ ၃ ရက်က ဘန်ကောက်မှာ စတင်ကစားခဲ့ရာမှာတော့  အဖွင့်ပွဲစဉ်မှာ ဗီယက်နမ်က လာအိုကို ၂ ဂိုး ၁ ဂိုး၊ အိမ်ရှင် ထိုင်းက အရှေ့တီမောကို ၆ ဂိုး ၁ ဂိုးရလဒ်တွေနဲ့ အနိုင်ရခဲ့ ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013