DVB Logo
Home
အားကစား
လိဒ်ယူနိုက်တက်အသင်း အနိုင်ရလဒ်နှင့် ထိုက်တန်ဟု ချဲလ်ဆီးနည်းပြမာရက်စ်ကာ ဂုဏ်ပြု
DVB
·
December 4, 2025
လိဒ်ယူနိုက်တက်အသင်း အနိုင်ရလဒ်နှင့် ထိုက်တန်ဟု ချဲလ်ဆီးနည်းပြမာရက်စ်ကာ ဂုဏ်ပြု
Donate to DVB

လိဒ်ယူနိုက်တက်အသင်းဟာ  အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာ က ဂုဏ်ပြုစကားဆိုသွားပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့တပတ်က တယောက်လျော့နဲ့ ကစားပြီး အဆင့် ၁ ကအာဆင်နယ်ကို သရေကစားနိုင်ခဲ့လို့ ချန်ပီယံမျှော်လင့်ချက် ရှင်သန်လာခဲ့ပေမဲ့ လိဒ်ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တာကြောင့် အာဆင်နယ်နဲ့ ၉ မှတ်အထိ ကွာဟသွားတာပါ။ 

ချဲလ်ဆီးအသင်းအတွက် အလွန်ညံ့ဖျင်းခဲ့တဲ့ပွဲစဉ်ဖြစ်ပြီး ပြိုင်ဘက်လိဒ်အသင်းကအစစအရာရာမှာ ပိုကောင်းခဲ့တာကြောင့် အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်း နည်းပြမာရက်စ်ကာက ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ဘယ်အသင်းနဲ့ပဲဖြစ်ဖြစ် အဝေးကွင်းဖြစ်စေ၊ အိမ်ကွင်းဖြစ်စေ အကောင်းဆုံးစွမ်း ဆောင်ရည်ပြသနိုင်ဖို့ လိုအပ်ပြီး ၃ ဂိုးမြောက် ဂိုးပေးလိုက်ရချိန်မှာ ပွဲကအဆုံးသတ်သွားခဲ့ကြောင်း နည်းပြမာရက်စ်ကာက ပြောသွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013