DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် အာဖရိကဝက်တုပ်ကွေး ကူးစက်ခံရနိုင်သည့် တောဝက်များကို ဖော်ထုတ်
DVB
·
December 3, 2025
စပိန်တွင် အာဖရိကဝက်တုပ်ကွေး ကူးစက်ခံရနိုင်သည့် တောဝက်များကို ဖော်ထုတ်
Donate to DVB

စပိန်ရဲတပ်ဖွဲ့၊ စစ်သားတွေနဲ့ ဥယျာဉ်ထိန်းသိမ်းရေးဝန်ထမ်းတွေဟာ အာဖရိကဝက်တုပ်ကွေး ကူးစက်ခံရနိုင်တဲ့ တောဝက်တွေကို ဖော်ထုတ်ဖို့နဲ့ ယူရို ဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ ဝက်သားတင်ပို့မှုလုပ်ငန်းရဲ့ အဓိကအချက်အချာဖြစ်တဲ့ နိုင်ငံရဲ့ ပြည်တွင်းမွေးမြူရေးလုပ်ငန်းထဲကို ရောဂါမကူးစက်စေဖို့ အသည်းအသန် လုပ်ဆောင်နေကြပါတယ်။

အဖွဲ့တွေဟာ ဒရုန်းတွေ၊ အနီအောက်ရောင်ခြည် နည်းပညာနဲ့ အနံ့ခံခွေးတွေကို အသုံးပြုပြီး စမ်းသပ်ဖို့အတွက် ဝက်အသေကောင်တွေကို ရှာဖွေနေတဲ့အပြင် အသက်ရှင်သေးတဲ့ တိရစ္ဆာန်တွေကို ကျေးလက်ဒေသရဲ့ တခြားနေရာတွေဆီ ရွှေ့ပြောင်းရောက်ရှိသွားခြင်းကို ကာကွယ်ဖို့ အဝေးပြေးလမ်းမကြီးတွေနဲ့ ပိုက်လိုင်းတွေအောက်ရှိ တိရစ္ဆာန်လမ်းကြောင်းတွေ အနီးတဝိုက်ရှိ နေရာတွေကို ပိတ်ဆို့ထားပါတယ်။

လမ်းလျှောက်သူတွေ၊ စက်ဘီးစီးသူတွေနဲ့ အပြေးသမားတွေအတွက် ရေပန်းစားတဲ့ ဆွဲဆောင်မှုနေရာတခုဖြစ်တဲ့ ဘာစီလိုနာရဲ့ ကိုးလ်ဆယ်ရိုနာ တောင်တန်းတဝိုက်မှာ ပိတ်ရက်တွေကတည်းက ရဲတွေကို တပ်ဖြန့်ထားပြီး ဧည့်သည်တွေကို နှင်ထုတ်တဲ့ ဆိုင်းဘုတ်တွေကိုလည်း ချိတ်ဆွဲထားပါတယ်။

ဥယျာဉ်အတွင်း နေထိုင်သူတွေကိုလည်း ခွေးတွေကို ကြိုးချည်ထားပေးဖို့နဲ့ ဝက်တွေကို တွေ့ရှိခဲ့ရင် သတင်းပို့ပေးဖို့လည်း မှာကြားခဲ့ပါတယ်။

မွေးမြူရေးခြံတွေမှာလည်း ရောဂါကာကွယ်ရေးအတွက် ရှိထားပြီးသား တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကို ထပ်အားဖြည့်ထားတယ်လို့ ကုန်သွယ်ရေးအသင်း Interporc က ပြောပါတယ်။

အစိုးရ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေဟာ မွေးမြူရေးခြံတွေကို စစ်ဆေးပြီး နမူနာတွေယူပေမဲ့ အဲဒီဒေသရှိ ၃၉ ခြံမှာ ရောဂါပိုး ကူးစက်ခံထားရမှု မတွေ့ခဲ့ရပါဘူး။

၁၉၉၄ ခုနှစ်က ဝက်တုပ်ကွေးဗိုင်းရပ်စ်ဟာ မွေးမြူရေးခြံတွေကို ရောက်ရှိခဲ့တာကြောင့် ဝက်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်တာနဲ့ နိုင်ငံရဲ့ ဝက်သားတင်ပို့မှု လုံးဝရပ်ဆိုင်းတာနဲ့ ကြုံခဲ့ရပါတယ်။

စပိန်နိုင်ငံဟာ ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ဝက်သားတင်ပို့သူနဲ့ ကမ္ဘာတဝန်းမှာ ဒုတိယအကြီးဆုံးဖြစ်ပြီး နှစ်စဉ် ယူရို ၈ ဘီလီယံကျော် တင်ပို့မှုရှိပါတယ်။

ဒီကဏ္ဍကနေ ဝင်ငွေ ယူရို ၂၅ ဘီလီယံကျော် ရရှိပြီး အလုပ်သမား ၄ သိန်းကျော်ကို အလုပ်ခန့်ထားပါတယ်။

ဥရောပသမဂ္ဂ (EU) အတွင်းမှာ စပိန်ရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်တွေဟာ ပြင်သစ်နဲ့ အီတလီဖြစ်ပြီး EU ပြင်ပမှာတော့ ယူကေ၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ကတ်တလန် အာဏာပိုင်တွေဟာ ကပ်ရောဂါကာလ ပိတ်ဆို့မှုတွေအတွင်းမှာ မြို့ပြဒေသတွေကို ဝင်ရောက်လာပြီး အမှိုက်ပုံးတွေမှာ ရှာဖွေ စားသောက်ခြင်းတို့ကို ကျင့်သားရနေတဲ့ တိုးပွားလာတဲ့ တောဝက်တွေကို ထိန်းချုပ်သတ်ဖြတ်မှုတခု စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013