မန်ယူအသင်းကတော့ ဝါရင့်ကွင်းလယ်လူ ကာစီမီရိုကို ရာသီကုန်မှာ အသင်းကနေ ထွက်ခွာခွင့်ပြုမဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲဖို့ အစီအစဉ် မရှိပါဘူးလို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် ဘရာဇီးလ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ဂိုးသွင်းခဲ့သလို ခြေစွမ်းတွေ ပြန်တက်နေပေမဲ့ တပတ်လစာ ပေါင် ၃ သိန်းခွဲဆိုတာက အသင်းရဲ့ အသုံးစရိတ်လျှော့ချရေး မူဝါဒနဲ့ အဆင်မပြေဖြစ်နေတာပါ။
အသင်းပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်က ကာစီမီရိုရဲ့လစာ အလွန်များနေတာကို သဘောမကျသလို အသင်းကို ရေရှည်အတွက် လူငယ်တွေနဲ့ ပြန်တည်ဆောက်ချင်နေတာပါ။
ပရိသတ်တွေနဲ့ အသင်းဖော်တွေက ကာစီမီရိုကို နောက်ထပ်တရာသီလောက် ဆက်ရှိစေချင်ပေမဲ့ ယာယီနည်းပြ မိုက်ကယ်ကာရစ်ကတော့ အသင်းရဲ့ ဆုံးဖြတ်ချက်က ပြတ်သားပြီးသားလို့ အရိပ်အမြွက် ပြောထားပါတယ်။
ဝေဖန်သူ ခရစ်ဆက်တန်ကလည်း မန်ယူအနေနဲ့ အောင်မြင်မှုတွေ ပြန်ရချင်ရင် အသက်အရွယ်ကြောင့် အရင်လို မပြေးနိုင်တော့တဲ့ ကာစီမီရိုကို ဆက်မထားသင့်တော့ဘူးလို့ ထောက်ပြပါတယ်။
ကာစီမီရိုဟာ ဒီရာသီမှာ မန်ယူအတွက် ၇ ဂိုးအထိ သွင်းပေးထားပေမဲ့ လာမဲ့နွေရာသီမှာတော့ အိုးထရက်ဖို့ဒ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရဖို့ သေချာနေတာ ဖြစ်ပါတယ်။










