
၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ဆွစ်ဇာလန်အသင်းက အယ်လ်ဂျီးရီးယားအသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားပါတယ်။
ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့၊ ဘီစီပလေ့စ်ကွင်းမှာ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပထမပိုင်း ၁၀ မိနစ်မှာပဲ ဆွစ်ဇာလန်အသင်းမှ ဘီအမ်ဘိုလိုက အဖွင့်ဦးဆောင်ဂိုး သွင်းပေးခဲ့ပြီး ဒီ အင်ဒွိုင်ယီက ၄၆ မိနစ်မှာ ဒုတိယအနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
အနိုင်ရသွားတဲ့ ဆွစ်ဇာလန်အသင်းဟာ နောက်တဆင့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ကိုလံဘီယာ ဒါမှမဟုတ် ဂါနာအသင်းနဲ့ ရင်ဆိုင်ကစားရမှာ ဖြစ်ပါတယ်။











