DVB Logo
Home
အားကစား
ဘရန့်ဖို့ဒ်တိုက်စစ်မှူး သီယာဂို ဘရာဇီးအသင်းအတွက် ရွေးချယ်ခံရရန် နီးစပ်လာ
DVB
·
November 30, 2025
ဘရန့်ဖို့ဒ်တိုက်စစ်မှူး သီယာဂို ဘရာဇီးအသင်းအတွက် ရွေးချယ်ခံရရန် နီးစပ်လာ
Donate to DVB

ဘရန့်ဖို့ဒ်တိုက်စစ်မှူး သီယာဂိုဟာ ဘရာဇီးလက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ နီးစပ်လာ ပါတယ်။

အသက် ၂၄ နှစ်ရှိ တိုက်စစ်မှူးဟာဘန်လေအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ၂ ဂိုးထပ်သွင်းခဲ့ပြီး ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁၁ ဂိုး အထိသွင်းယူထားတာပါ။

ပြီးခဲ့တဲ့နိုင်ငံတကာရက်သတ္တပတ်တွေကတည်းက ဘရာဇီးအသင်းဘက်က သီယာဂိုနဲ့ ဆက်သွယ်ဆွေးနွေးမှုတွေရှိကြောင်း ဘရန့်ဖို့ဒ်နည်းပြ အန်ဒရူးစ်က ပြောပါတယ်။ 

လက်ရှိအချိန်မှာ ဘရာဇီးအသင်းက တိုက်စစ်မှူးအားလုံးထက် ဂိုးပိုသွင်းထားတဲ့ အီဂေါသီယာဂိုဟာ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘရာဇီးလက်ရွေးစင်ကစားသမားဖြစ်လာဖို့ ပိုမိုနီးစပ်လာခဲ့တာပါ။ 

သီယာဂိုဟာ ဘူလ်ဂေးရီးယားပတ်စ်ပို့လည်း ကိုင်ဆောင်ထားတာကြောင့် ၂ သင်းစလုံးမှာ ကစားခွင့်ရှိပေမဲ့ ဘရာဇီးအသင်းက ဦးစားပေးအသင်းဖြစ်တယ်လို့ ပြောထားပါတယ်။ 

ခရူဇီယိုအသင်းနဲ့ ဘောလုံးသမားဘဝစတင်ခဲ့သူ သီယာဂိုဟာ ၂၀၂၃-၂၀၂၄ ရာသီမှာ ဘယ်လ်ဂျီ ယံကလပ် ဘရုဂျက်မှာ ကစားစဉ်ကလည်း တရာသီအတွင်း သွင်းဂိုး ၂၉ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013