DVB Logo
Home
နိုင်ငံတကာ
ကိုကင်း တန်ချိန် ၄ တန်ကျော်  ကော့စတာရီကာတွင် ဖမ်းမိ
DVB
·
November 29, 2025
ကိုကင်း တန်ချိန် ၄ တန်ကျော်  ကော့စတာရီကာတွင် ဖမ်းမိ
Donate to DVB

အမေရိကန်ကမ်းခြေစောင့်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကော့စတာရီကာ အာဏာပိုင်တွေဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖမ်းဆီးရမိတဲ့ သင်္ဘောတစင်းကနေ  ကိုကင်း ၄ ဒသမ ၄ တန်လောက်ကို သိမ်းဆည်းရမိခဲ့ကြောင်း အရာရှိတွေက နိုဝင်ဘာ ၂၈ ရက်မှာ ပြောပါတယ်။

ဒီစစ်ဆင်ရေးကို ပွန်တာရေးနာ့စ်ပြည်နယ်ရှိ ဂိုလ်ဖီတိုကမ်းရိုးတန်းမြို့မှ မိုင် ၁၇၀ အကွာလောက်မှာ ပြုလုပ်ခဲ့ပြီး ကိုလံဘီယာနိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း လုံခြုံရေးဝန်ကြီး မာရီယို ဇာမိုရာက သတင်းထောက်တွေကို ပြောပါတယ်။

နိုင်ငံရဲ့ မြောက်ဘက်ကို ဦးတည်ပြီး မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ သင်္ဘောတစင်းဟာ မက္ကဆီကို သို့မဟုတ် အမေရိကန်ပြည်ထောင်စုကို ဦးတည်နေတယ်လို့ ယူဆကြောင်းနဲ့ ဒီသင်္ဘောကို အူးရာဘားပင်လယ်ကွေ့ ကာတယ်လ်မှ ပံ့ပိုးကူညီခဲ့ပြီး သင်္ဘောသားတွေမှာ FARC အဖွဲ့ဝင်ဟောင်းတွေ ပါဝင်ကြောင်းလည်း ပြောပါတယ်။ 

သူတို့ဟာ ကော့စတာရီကာ ရေပြင်ကနေတဆင့် မူးယစ်ဆေးဝါးတွေကို သယ်ယူပို့ဆောင်နေခဲ့တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ကမ်းခြေစောင့်တပ် သင်္ဘောတစင်းဟာ ပင်လယ်ပြင်မှာ တားဆီးခဲ့ပြီး ကိုကင်း ၄ တန်နဲ့ ၃၄၆ ကီလိုဂရမ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ သံသယရှိသူတွေဟာ ထောင်ဒဏ် အနှစ် ၂၀ အထိ ချမှတ်နိုင်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုနဲ့ စွဲချက်တင်ခံရဖွယ် ရှိပါတယ်။

ကော့စတာရီကာ သမ္မတ ရိုဒရီဂိုချာဗက်စ်ရိုဘီစ်က ဝါရှင်တန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပြီး ကော့စတာရီကာနိုင်ငံဟာ မူးယစ်ဆေးဝါးတွေအတွက် အဓိက လွှဲပြောင်းပို့ဆောင်ရေးနေရာအဖြစ် ဆက်လက် တည်ရှိတော့မှာ မဟုတ်ကြောင်း ပြောပါတယ်။

အာဏာပိုင်တွေဟာ သိမ်းဆည်းရမိတဲ့ အထုပ်တွေကို မြို့တော် ဆန်ဟိုဇေးအနီးရှိ ဟွမ်န် ဆန်တာမာရီယာ လေဆိပ်မှာ ပြသခဲ့ပြီး စစ်တပ်နဲ့ ရဲတွေက သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးတွေကို စောင့်ကြပ်ခဲ့ကြပါတယ်။

ဒီစစ်ဆင်ရေးမှာ ကော့စတာရီကာ  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ရဲတပ်ဖွဲ့နဲ့ အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အုပ်ချုပ်မှုအဖွဲ့ (DEA) တို့ ပါဝင်ခဲ့ပါတယ်။

Source: Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013