DVB Logo
Home
အားကစား
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ၌ မြန်မာလူငယ်အသင်းက အိုမန်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရ
DVB
·
November 29, 2025
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ၌ မြန်မာလူငယ်အသင်းက အိုမန်အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရ
1 / 2
Donate to DVB

ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ နိုဝင်ဘာ ၂၈ ရက် ဒီနေ့ညနေ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲမှာ မြန်မာလူငယ်အသင်းက အိုမန်လူငယ်အသင်းကို (၂-၀) ဂိုးနဲ့ အနိုင်ရရှိသွားပါတယ်။

မြန်မာလူငယ်အသင်းအတွက် ဂိုးတွေကိုတော့ အသင်းခေါင်းဆောင် အောင်သီဟ က ဒုတိယပိုင်း ပွဲချိန် ၆၃ မိနစ်မှာ ဂိုးစည်းအပြင်ဘက်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းပေးခဲ့သလို ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၆ မိနစ်မှာ လင်းရောင်ကန်တင်ပို့ပေးတဲ့ ဘောလုံးကို ရှေ့တန်းကစားသမား ညီညီသန့်က အနီးကတ် ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာပါ။

မြန်မာလူငယ် အသင်းဟာ အုပ်စု G မှာ ၃ ပွဲကစား ၃ ပွဲနိုင်ရမှတ် ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရပ်တည်နေပြီး အိုမန်နဲ့ ဆီးရီးယားတို့က ရမှတ် ၆ မှတ်စီနဲ့ အုပ်စု ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေပါတယ်။

မြန်မာအသင်းဟာ လာမယ့် နိုဝင်ဘာ ၃၀ ရက်ညနေမှာ  ဆီးရီးယားနဲ့ နောက်ဆုံးပွဲစဉ် ကစားဖို့ ကျန်ရှိနေပါတယ်။

တရက်တည်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့တဲ့ အာဖဂန်နစ္စတန်နဲ့ နီပေါတို့ ပွဲမှာတော့ အာဖဂန်နစ္စတန်အသင်းက (၂-၀) ဂိုးနဲ့ အနိုင်ရသွားပေမဲ့ ၂ သင်းစလုံး ခြေစစ်ပွဲမအောင်နိုင်တော့ ပါဘူး။ 

Photo: MFF

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013