DVB Logo
Home
အားကစား
အာဆင်နယ် ခြေစွမ်းကောင်းမွန်မှု အစပဲရှိသေးဟု နည်းပြအာတေတာ ပြော
DVB
·
November 27, 2025
အာဆင်နယ် ခြေစွမ်းကောင်းမွန်မှု အစပဲရှိသေးဟု နည်းပြအာတေတာ ပြော
Donate to DVB

အာဆင်နယ်အသင်းရဲ့ ခြေစွမ်းကောင်းမွန်မှုဟာ အခုမှ အစပဲရှိသေးကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

ချန်ပီယံလိဂ်မှာ ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် အသင်းရဲ့ခြေစွမ်းကောင်းမွန်မှုဟာ အစပဲရှိသေးကြောင်း နည်းပြအာတေတာက ပြောသွားတာပါ။

ဥရောပရဲ့အကောင်းဆုံးအသင်းနဲ့ပွဲမှာ မိမိတို့အသင်းရဲ့ အံ့ဖွယ်စွမ်းဆောင်ရည်နဲ့ အနိုင်ရခဲ့တာက ကြီးမားတဲ့ အောင်ပွဲဖြစ်ကြောင်း၊ အခုချိန်ထိ ခြေစွမ်းကောင်းကို စဉ်ဆက်မပြတ် ဆက် ထိန်းနိုင်ခဲ့တဲ့တိုင် အသင်းရဲ့စွမ်းဆောင်ရည်ကောင်းမွန်မှုက အစပဲရှိသေးပြီး  ၃ ရက်ခြား ကစားရ တဲ့ပွဲစဉ်တိုင်းမှာ လက်ရှိခြေစွမ်းကို ဆက်ထိန်းသွားရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောပါ တယ်။

အာဆင်နယ်ဟာ လာမယ့် ရက်သတ္တပတ်မှာ အဆင့် ၂ နေရာက ချဲလ်ဆီးနဲ့ ဆက်လက်ရင်ဆိုင် သွားရမှာဖြစ်ပြီး အကောင်းဆုံးပြင်ဆင်မှု လုပ်ဆောင်သွားရမှာဖြစ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013