DVB Logo
Home
နိုင်ငံတကာ
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စပိန်တွင် လူထောင်ချီ ဆန္ဒပြ
DVB
·
November 26, 2025
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး စပိန်တွင် လူထောင်ချီ ဆန္ဒပြ
Donate to DVB

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂၅ ရက် ညနေက စပိန်နိုင်ငံရဲ့ မြို့တော် မက်ဒရစ်မြို့မှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ 

ဆန္ဒပြသူတွေဟာ မြို့ရဲ့အလယ်ဗဟိုက အာတိုချာ လမ်းတလျှောက် ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ လမ်းလျှောက်၊ သီချင်းဆို၊ ကြွေးကြော်ပြီး ဗုံတီးခဲ့ကြပါတယ်။ 

၂၀၂၅ ခုနှစ်ထဲမှာ စပိန်နိုင်ငံအတွင်း အမျိုးသမီး ၃၈ ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်ဖက်တွေ ဒါမှမဟုတ် အရင် အိမ်ထောင်ဖက်ဟောင်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်။ အမျိုးသားစာရင်းအင်းဌာနရဲ့ အဆိုအရ စပိန်နိုင်ငံမှာ ကျား၊ မ ခွဲခြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုရဲ့ သားကောင်တွေအတွက် ပြီးခဲ့တဲ့ ရာစုနှစ်ရဲ့ လေးပုံတပုံအတွင်း အသေအပျောက် အများဆုံးနှစ်မှာ ၂၀၀၈ ခုနှစ်ဖြစ်ပြီး အမျိုးသမီး ၇၆ ယောက် သေဆုံးခဲ့ရပါတယ်။ 

၂၀၀၃ ခုနှစ်ကစပြီး သားကောင် စုစုပေါင်း အရေအတွက်ဟာ လက်ရှိမှာ ၁,၃၃၃ ဦးရှိတယ်လို့  တန်းတူညီမျှရေးဝန်ကြီးဌာနရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။ 

ကုလသမဂ္ဂဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့အဖြစ် ၂၀၀၀ ပြည့်နှစ်မှာ တရားဝင်အသိအမှတ်ပြုခဲ့ပါတယ်။ ကျား၊ မ ခွဲခြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုကို တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို မြှင့်တင်ဖို့ နည်းလမ်းတစ်ခုအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013