
ချဲလ်ဆီးကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ်ဟာ အသင်းကနေ ထွက်ခွာလိုတဲ့ အရိပ်အယောင်ပြတဲ့ မှတ်ချက်တွေပေးခဲ့တာကြောင့် ကလပ်အသင်းက သူ့ကို ၂ ပွဲ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။
ဒီအပေါ်မှာ အန်ဇိုရဲ့ အေးဂျင့်ဖြစ်သူ ဟာဗီယာ ပါစတိုရေးက လုံးဝ မတရားဘူးလို့ ပြန်လည် တုံ့ပြန်လိုက်ပြီး အန်ဇိုရဲ့ အနာဂတ်အတွက်ပါ သတိပေးစကား ပြောကြားခဲ့ပါတယ်။
အန်ဇိုဟာ အင်တာဗျူးတခုမှာ ရီးရဲလ်မက်ဒရစ်မြို့မှာ နေထိုင်ချင်ကြောင်း ပြောဆိုခဲ့တာကြောင့် ချဲလ်ဆီးနည်းပြ လီယမ် ရိုဆင်းနီးယားက စည်းကျော်သွားပြီလို့ သတ်မှတ်ကာ ပို့ဗေးလ်၊ မန်စီးတီးတို့နဲ့ ပွဲတွေမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့တာပါ။
အေးဂျင့် ပါစတိုရေးကတော့ အန်ဇိုဟာ မြို့ကိုပဲ ရည်ညွှန်းတာဖြစ်ပြီး ကလပ်အမည် မပြောခဲ့ ကြောင်း၊ စာချုပ်သစ်ကိစ္စတွေမှာ အဆင်မပြေရင် တခြားရွေးချယ်စရာတွေ ရှာဖွေသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။










