
အန်ဇိုဖာနန်ဒက်စ် မန်စီးတီးဆီ ရောက်လာမလားဆိုတာကို အသင်းကစားသမား အတော်များများက မေးမြန်းစုံစမ်းခဲ့ကြတယ်လို့ နည်းပြအင်ဇိုမာရက်စကာက ထုတ်ဖော်ပြောလိုက်ပါတယ်။
မန်စီးတီးဟာ အာဂျင်တီးနား ကွင်းလယ်လူကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ စံချိန်တင် ပေါင် ၁၂၅ သန်းနဲ့ ချဲလ်ဆီးကနေ ခေါ်ယူခဲ့တာပါ။
ဖာနန်ဒက်စ်ဟာ စနေနေ့ ကိုဗင်ထရီနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတင် မန်စီးတီးအတွက် စတင် ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ဖာနန်ဒက်စ် အပါအဝင် စာချုပ်သစ်တွေအတွက် စံချိန်တင် ပေါင် ၄၅၈ သန်းအထိ သုံးစွဲခဲ့ပြီး ကစားသမား ရောင်းချမှုတွေကနေလည်း ပေါင် သန်း ၃၀၀ ကျော် ပြန်လည် ရရှိခဲ့ပါတယ်။
Photo:Reuters











