DVB Logo
Home
မြန်မာသတင်း
စစ်တပ် နောက်ခံဖြင့် ဝမ်ပေါင်ကုမ္ပဏီက ဒေသခံများအပေါ်  လူ့အခွင့်အရေးချိုးဖောက်နေ
DVB
·
November 25, 2025
စစ်တပ် နောက်ခံဖြင့် ဝမ်ပေါင်ကုမ္ပဏီက ဒေသခံများအပေါ်  လူ့အခွင့်အရေးချိုးဖောက်နေ
1 / 2
Donate to DVB

လက်ပံတောင်းကြေးနီစီမံကိန်း လုပ်ဆောင်နေတဲ့ ဝမ်ပေါင်ကုမ္ပဏီက စစ်တပ်ကို ကျောထောက်နောက်ခံယူပြီး စီမံကိန်းအနီးနားက ဒေသခံတွေအပေါ်မှာ နိုင်ထပ်စီးနင်းတွေ လုပ်ဆောင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတယ်လို့ ဒေသခံက ပြောပါတယ်။ 

အာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာလကစလို့ စစ်တပ်က လက်ပံတောင်းကြေးနီ စီမံကိန်း ဝင်းအတွင်းမှာ တပ်စွဲပြီး အနီးတဝိုက်က ရွာ ၁၅ ရွာကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရပါတယ်၊ 

၂၀၂၂ နောက်ပိုင်းမှာတော့ တခြားသော ရွာတွေကိုပါ ထပ်မံပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အိမ်ခြေ ၁၀၀၀ ကျော် မီးလောင်ပြာကျခဲ့ရပြီး ဒေသခံတွေက အိမ်မဲ့အိမ်မဲ့ ဖြစ်ခဲ့ကြရပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်မှာပဲ ဝမ်ပေါင်ရဲ့ စီမံကိန်းမြေနေရာ ချဲ့ထွင်ဖို့အတွက် ဒေသခံတွေရဲ့ နေအိမ်တွေကို အတင်းအဓမ္မ ဖယ်ခိုင်းခဲ့သေးတယ်၊ မြေနေရာချဲ့ထွင်တဲ့အထဲ ပါသွားတဲ့ ဒေသခံတွေမှာတော့ နေစရာမြေပါ မရှိတော့ဘူးလို့ ဒေသခံတွေကို ကူညီနေတဲ့ ဆားလင်းကြီးဒေသတွင်း တက်ကြွလှုပ်ရှားသူ မချောစုဟန်က ပြောပါတယ်။

“အိမ်တွေသိမ်းခံလိုက်ရတဲ့ အနေအထားတခုပေါ့ဗျာ။ အဓိက သူတို့ ဒီ ခြံစည်းရိုးတွေ တိုးခတ်တုန်းကပေါ့နော်၊ နေစရာမရှိတော့ဘူးလေနော်။ မီးရှို့ခံလိုက်ရတာမှ ဘာဖြစ်လဲဆိုတော့ မြေကျန်သေးတယ်။ ကိုယ့်ဘာကို တိုင်လေး ဘာလေးရရင်၊ အမိုးလေး၊ အကာလေး၊ တဲလေးနဲ့ လုပ်နေဖို့အတွက် ဘာရှိလဲလို့မေးရင် မြေရှိတယ်။ ခုနက မြေနေရာတွေ သိမ်းခံလိုက်ရတဲ့ ပြည်သူလူထုမှာကျတော့ လုံးဝမှ သူတို့မှာ ဘာမှမရှိတော့ဘူး၊ မြေလည်း မရှိတော့ဘူး။ သူတို့ အရမ်းကြီး ကျပ်တည်းသွားပြီ။ အဲ့တော့ အဲ့ဒီကျပ်တည်းမှုကို ဝမ်ပေါင်ဘက်ကတဆင့် ဘာပြန်လုပ်လဲလို့မေးရင် ပြည်သူလူထုရဲ့ ကျပ်တည်းမှုကို အခွင့်အရေးယူတာပေါ့နော်။ မင်းတို့အိမ်တွေကို သိမ်းလိုက်ပြီ။ အဲ့တော့ မင်းတို့အိမ်က မိသားစု ယောက်ျားလေး ဘယ်နှယောက်ရှိလဲ။ အဲဒါက ဝမ်ပေါင်မှာ လာပြီးတော့ မြေနေရာလည်း သူတို့ကရတယ်။ အလုပ်သမားလည်း ရတယ်။ ဒါ ပြည်သူကို ပြန်ပြီး ကမ်းလှမ်းတာမဟုတ်ဘူး။ မတရားအဓမ္မပြည်သူ့နေအိမ်တွေကို ကျူးကျော်ပြီး သိမ်းပိုက်တာ၊ မြေတွေ ယာတွေ အသိမ်းခံလိုက်ရပြီး လုံးဝ ဘေးကို ရောက်သွားခဲ့တဲ့ အိမ်ထောင်စု ၁၂ စုရှိတယ်။”

ဒေသခံဝန်ထမ်းတွေ CDM လုပ်တဲ့အခါမှာ ဝမ်ပေါင်ရဲ့ လုပ်ငန်းလည်ပတ်မှုက ရပ်တန့်သွားခဲ့ပြီး ဒေသခံတွေအပေါ် အငြိုးနဲ့ ရွာတွေကို မီးရှို့၊ ဒေသခံတွေကို သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းမှာ အထိုင်ချထားတဲ့ စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်းမှာတော့ ရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့တာတွေ မလုပ်တော့ဘဲ ဒေသခံတွေရဲ့ ပိုင်ဆိုင်မှုနေအိမ်တွေကို ဖျက်ဆီးခိုးယူသွားတယ်လို့ လက်ပံတောင်အနီးကျေးရွာဒေသခံတယောက်က DVB ကို ပြောပါတယ်။

“ခြံစည်းရိုးကနေ ထွက်လာရင် ကျေးရွာနဲ့ အနီးစပ်ဆုံး ရောက်တဲ့အတွက် ဘယ်ကျေးရွာကို ဝင်စီးမယ်ဆိုတာ မသိတဲ့အတွက် ရုတ်တရက် စီးနင်းခံရပြီးမှ ပြည်သူတွေ အသက်ဆုံးရှုံး များခဲ့တာလည်း ဒီ ဝမ်ပေါင်ရဲ့ ထောက်ပံ့ပေးမှုတွေကြောင့်၊ ဝမ်ပေါင်ကို စစ်စခန်း ခြေစိုက်စခန်းအနေနဲ့ အသုံးပြုခဲ့တာကြောင့်လည်း ကျနော်တို့ ပြည်သူတွေက အများကြီး အထိနာခဲ့ရတယ်။ ဒီတရုတ်နဲ့ စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုအောက်မှာ ပြည်သူတွေ လုံးဝကို လည်စင်းပေးခံရမယ့် အနေအထား ရှိပါတယ်။ စစ်ကြောင်းတွေ ထိုးတယ်၊ လက်နက်ကြီးတွေ ပစ်တယ်၊ အခုလက်ရှိဟာမှာ ဝမ်ပေါင်ဘက် စခစ တွေပေါ့ဗျာ။ ဝမ်ပေါင်ကနေ ထွက်လာရင် မီးမရှို့ရဘူးလို့ ပြောတယ်။ ဒါ မီးသာမရှို့တာ အိမ်ငှားရှိတဲ့ သစ်သားတို့ ဆင့်တို့ ရောက်တို့ အကုန်လုံးကို ဖြုတ်ယူတာ။ အိမ်က တိုင်ပဲကျန် တိုင်နဲ့အမိုးပဲ ကျန်ခဲ့တယ်။ ပြည်သူတွေက ရုတ်တရက်ကြီး ထွက်ပြေးရတာ။ ဒီပတ်ဝန်းကျင်မှာ သူတို့ မီးမရှို့ဘူး။ စစ်ကြောင်းထိုးပေမယ့် လုံခြုံရေးလှည်တာ မီးမရှို့ပေမဲ့လို့ အထဲမှာရှိတဲ့ ပစ္စည်းဥစ္စာ တခုမှမရှိတော့ဘူး။”

လက်ရှိမှာတော့ ဝမ်ပေါင်ကုမ္ပဏီရဲ့ ကြေးနီတောင်စီမံကိန်းက အပြည့်အဝပြန်လည် လည်ပတ်နေပြီဖြစ်ပြီး စစ်တပ်နဲ့ အကျိုးတူမျှဝေနေကြောင်းလည်း စုံစမ်းသိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ စစ်တပ်က လက်ပံတောင်း ကြေးနီတောင်စီမံကိန်းအနီးက မိုးကြိုးပြင်(တောင်)၊ ရေခါး(မြောက်)၊ ဆည်တည်း-ဇီးတော၊ ဖောင်းကတာ၊ ဆားလင်းကြီး၊ ပလောင်၊ ရွှေလှေ၊ ထန်းပု၊ မယ်ဇလီကန်နဲ့ ကျားတက် စတဲ့ရွာတွေကို လေကြောင်းက တိုက်ခိုက်တာ၊ ဒရုန်းနဲ့ပစ်ခတ်တာ၊ စစ်ကြောင်းထိုးတာနဲ့ မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဝေဝေ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013