DVB Logo
Home
အားကစား
နေထိုင်မှုအပြောင်းအလဲက ရက်ရှ်ဖို့ဒ်ကို ပိုကောင်းသည့်ကစားသမားဖြစ်စေဟု နည်းပြဖလစ်ခ် ပြော
DVB
·
November 25, 2025
နေထိုင်မှုအပြောင်းအလဲက ရက်ရှ်ဖို့ဒ်ကို ပိုကောင်းသည့်ကစားသမားဖြစ်စေဟု နည်းပြဖလစ်ခ် ပြော
Donate to DVB

နေထိုင်မှုအပြောင်းအလဲက ရက်ရှ်ဖို့ဒ်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်စေကြောင်း ဘာစီလိုနာ နည်းပြ ဟမ်ဆီဖလစ်ခ်က ပြောသွားပါတယ်။

အင်္ဂလန်တိုက်စစ်မှူးဟာ မန်ယူအသင်းမှာ အဆင်မပြေဖြစ်ခဲ့ပြီးနောက် အခုနှစ်ရာသီအစက ဘာစီလိုနာအသင်းဆီ အငှားစာချုပ်နဲ့ပြောင်းရွှေ့ကစားနေသူပါ။

အသင်းသစ်၊ ပတ်ဝန်းကျင်အသစ်မှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာ နဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲမှာ ၂ ဂိုးသွင်းပြီး ၆ ကြိမ်ဂိုးဖန်တီးထားပါတယ်။

ဘာစီလိုနာမှာ ပြောင်းရွှေ့ပြီး နေထိုင်မှု ပုံစံပြောင်းလဲသွားတာက ရက်ရှ်ဖို့ဒ်အတွက် ကောင်းမွန်ခဲ့ပြီး ဘာစီလိုနာမြို့ဟာ ရာသီဥတု သာယာပြီး နှစ်သက်စရာကောင်းကြောင်း ဟမ်ဆီဖလစ်ခ်က ပြောပါတယ်။

ဘာစီလိုနာဟာ အခုတပတ် ချန်ပီယံလိဂ်မှာ ချဲလ်ဆီးနဲ့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ကို ပွဲထွက်စေမလား၊ လူစားဝင်ကစားစေမလားဆိုတာ မဆုံးဖြတ်ရသေးကြောင်း ဟန်ဆီဖလစ်ခ်က ပြောသွားပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013