DVB Logo
Home
နိုင်ငံတကာ
NASA အာကာသစခန်းမှ ရိုက်ကူးထားသည့် တောက်ပသည့် ဥတ္တရအလင်းတန်းများ 
DVB
·
November 24, 2025
NASA အာကာသစခန်းမှ ရိုက်ကူးထားသည့် တောက်ပသည့် ဥတ္တရအလင်းတန်းများ 
Donate to DVB

အမေရိကန် အမျိုးသားအာကာသသိပ္ပံ (NASA) ရဲ့ SpaceX Crew-11 အာကာသမစ်ရှင်ရဲ့ တပ်မှူး အာကာသယာဉ်မှူး ဇေနာ ကာ့ဒ်မဲန်က ရိုက်ကူးထားတဲ့ ဗီဒီယိုကို နိုဝင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ အာကာသစခန်းကနေ မြင်တွေ့ရတဲ့ မြောက်ဝင်ရိုးစွန်းက ဥတ္တရအလင်းတန်းတွေရဲ့ တောက်ပနေတဲ့ အလှတရားကို ပြသထားပါတယ်။

မြင်ကွင်းနဲ့ပတ်သက်ပြီး ကာ့ဒ်မဲန်းက “မြေပြင်ကနေ ဥတ္တရအလင်းတန်းကို ကျနော် တခါမှ မမြင်ဖူးသေးပါဘူး။ ဒါပေမဲ့ ဒီမှာကတော့ မကြာခဏ ပြသလေ့ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က အထူးကောင်းပါတယ်။ ပင်လယ်ကွေ့ကိုဖြတ်ပြီး နေထွက်ချိန်မှာ တောင်အမေရိကအပေါ် မိုးကြိုးမုန်တိုင်းကြီးတွေ မတိုက်ခတ်ခင် ဖလော်ရီဒါပြည်နယ်၊ ဟူစတန်နဲ့ ဥတ္တရအလင်းတန်းတွေကို တပုံတည်းမှာ မြင်နိုင်မလားဆိုတာ ကြည့်ပါ” လို့ ပြောပါတယ်။

အလင်းတန်းတွေကို မြောက်ကမ္ဘာဘက်ခြမ်းမှာ ဥတ္တရအလင်းတန်းတွေနဲ့ တောင်ကမ္ဘာဘက်ခြမ်းမှာတော့ ဒက္ခိဏအလင်းတန်းတွေလို့ ခေါ်ပါတယ်။ ဒီအလင်းတန်းတွေဟာ ဝင်ရိုးစွန်းတွေအနားမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။

နေလုံးကြီးက အလင်းမှုန်တွေ ဒီဒေသတွေဆီ ရောက်လာချိန်မှာ ကမ္ဘာ့သံလိုက်စက်ကွင်းက အားသွင်းပေးအပြီး လေထုနဲ့ တိုက်မိတဲ့အခါ အရောင်တောက်တောက်တွေကို ဖန်တီးပေးပါတယ်။

နေလုံးက လှုပ်ရှားမှု ပိုပြင်းထန်လာတဲ့ ၁၁ နှစ်ကြာ လှုပ်ရှားမှု သံသရာရဲ့ အထွတ်အထိပ်မှာ ရှိနေလို့ ဝင်ရိုးစွန်း အလင်းတန်းတွေ မကြာသေးမီက ပိုမိုပြီး အများကြီး ပေါ်ထွက်ခဲ့ပါတယ်။

လက်ရှိ သံသရာရဲ့ အထွတ်အထိပ်က ပြီးခဲ့တဲ့နှစ်က စတင်ခဲ့ပြီး အနည်းဆုံး အခုနှစ်ကုန်အထိ ကြာမြင့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါကြောင့် ပိုများပြီး ကြည်လင်ပြတ်သားတဲ့ အလင်းတန်းတွေကို ပေးစွမ်းနိုင်မှာလည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013