
ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ ၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ဘောလုံးပြန်ကစားနိုင်ခဲ့ပါတယ်။
မိုနာကိုအသင်းက ရင်းနက်စ်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ်မှာ ပေါ့ဘာက ပွဲချိန် ၈၅ မိနစ်မှာ လူစားဝင်ကစားခဲ့တာပါ။
၂၀၂၃ ခုနှစ် စက်တင်ဘာ ၃ ရက်က အမ်ပိုလီနဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်အသင်းနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ပေါ့ဘာဟာ ရက်ပေါင်း ၈၁၁ ရက်အကြာမှာ ပထမဆုံးအကြိမ် ပရော်ဖက်ရှင်နယ်ဘောလုံးပွဲစဉ်တပွဲ ပြန်ကစားနိုင်ခဲ့တာပါ။
တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကနဦးမှာ ၄ နှစ် ပွဲပယ်ခံထားရတဲ့ ပေါ့ဘာဟာ ၁၉ လပဲ ပွဲပယ်လျှော့ချခံခဲ့ရပါတယ်။
ရင်းနက်စ်နဲ့ပွဲမှာ မိုနာကိုအသင်းက တယောက်ထုတ်ပယ်ခံခဲ့ရသလို ၄ ဂိုးပြတ် ရှုံးနိမ့်နေချိန်မှာ ပေါ့ဘာက လူစားဝင်ကစားခဲ့တာဖြစ်ပြီး ပွဲပြီးခါနီးမှာ မိုနာကိုအသင်းက ချေပဂိုးတဂိုး ရခဲ့ပါတယ်။










