DVB Logo
Home
မြန်မာသတင်း
မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ 
DVB
·
November 23, 2025
မင်္ဂလာဒုံတွင် Food Vlogger အငှားယာဉ်မောင်း ၁ ဦး ပစ်သတ်ခံရ 
Donate to DVB

မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ခရေပင်လမ်းခွဲ အမှတ် ၃ လမ်းဆုံ မီးပွိုင့်အနီးမှာ နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီခွဲက Food Vlogger အငှားယာဥ်မောင်းတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ အငှားယာဥ်မောင်းတွေဆီက သိရပါတယ်။

Food Vlogger လုပ်ရင်း Taxi အငှားယာဥ်မောင်းသူ ကိုကျော်ဝဏ္ဏကို မနေ့ည ၉ နာရီခွဲလောက်မှာ ကားငှားစီးသူတွေက သေနတ်နဲ့ပစ်သတ်သွားတာလို့ အငှားယာဥ်မောင်းတယောက်က ပြောပါတယ်။

“နာမည်အရင်းက ဝဏ္ဏဖေပါ။ အားလုံးက သူ့ကို ကျော်ဝဏ္ဏပဲ ခေါ်ကြတာ။ Food Vlogger လည်းလုပ်တယ်။ အင်းစိန် စော်ဘွားကြီးကုန်းမှာနေတာ။ သတင်းကြားကာစက ကားမှောက်တယ်ပဲ ထင်တာ။ ပရဟိတအဖွဲ့တွေရောက်မှ သေနတ်နဲ့ပစ်သတ်ခံရတယ်ဆိုတာ သိတာ။ စိတ်မကောင်းဘူး အငှားယာဥ်မောင်းတောင် ဒီနိုင်ငံမှာ မလုံခြုံဘူး။” 

ကိုကျော်ဝဏ္ဏမောင်းလာတဲ့ အငှးယာဥ် ပရိုဘောက်မှာ မနေ့က ၉ နာရီခွဲက ခရေပင်ခွဲလမ်းဆုံ မီးပွိုင့်ဘက်မှာ ယာဥ်မတော်တဆမှုဖြစ်နေတယ်ဆိုပြီး လမ်းသွားလမ်းလာတွေက ရဲစခန်းနဲ့ ပရဟိတေဖွဲ့တွေကို အကူအညီတောင်းခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“လမ်းသွားလမ်းလာကားတွေ အကြောင်းကြားမှသိရတာ။ ကားငှားစီးလာတဲ့သူက ယာဥ်အနောက်ခန်းကနေ သေနတ်နဲ့ပစ်သွားတာ၊ ကားထဲမှာ ကျည်တထောင့်တွေ့တယ်။ လုယက်မှုလား၊ ဘာကြောင့်ပစ်လဲဆိုတော့ စခန်းက စစ်ဆေးနေဆဲပဲ။” 

သေဆုံးသူ ကိုကျော်ဝဏ္ဏမှာ အငှားယာဥ်မောင်းရင်း တဖက်မှာ သူဝါသနာပါရာ Food Vlogger လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013