DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်ကျူးကျော်စစ်အတွက် တရုတ် ပြောက်ကျားရေတပ် လေ့ကျင့်
DVB
·
November 21, 2025
ထိုင်ဝမ်ကျူးကျော်စစ်အတွက် တရုတ် ပြောက်ကျားရေတပ် လေ့ကျင့်
Donate to DVB

ထိုင်ဝမ်ကျွန်းကို ကျူးကျော်ဖို့အတွက် ဒုတိယကမ္ဘာစစ် နော်မန်ဒီကမ်းတက်စစ်ဆင်ရေးထက် ပိုကြီးမားတဲ့ စစ်ဆင်ရေးကြီးတခုအနေနဲ့ အရပ်ဘက်သုံး သင်္ဘောအုပ်စုကြီးကို အသုံးပြုဖို့ တရုတ်ဘက်က လေ့ကျင့်ပြင်ဆင်နေတယ်လို့ ရိုက်တာသတင်းဌာနက စုံစမ်းဖော်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၃ ရက်က ကွမ်တုံပြည်နယ် ကမ်းခြေတခုမှာ ကုန်တင်သင်္ဘောတွေနဲ့ ယာဉ်တင်သင်္ဘော ၁၂ စီးလောက်ဟာ ကမ်းတက်စစ်ဆင်ရေးအသွင် လေ့ကျင့်ခဲ့ကြတာကို ဂြိုဟ်တုပုံရိပ်တွေအရ တွေ့ရှိခဲ့ရတာပါ။ 

“အရိပ်ရေတပ်” (Shadow Navy) လို့ တင်စားခေါ်ဝေါ်တဲ့ ဒီအုပ်စုဟာ ပုံမှန်စစ်သင်္ဘောတွေနဲ့တင် မလုံလောက်နိုင်တဲ့ ကျူးကျော်စစ်ဆင်နွှဲမယ့် တပ်ဖွဲ့ဝင်အင်အားနဲ့ ရိက္ခာထောက်ပို့မှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အဓိကရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အထူးခြားဆုံးကတော့ ပုံမှန်ဆိပ်ကမ်းအကူအညီမပါဘဲ သာမန်ကုန်တင်သင်္ဘောတွေပေါ်ကနေ စစ်ဘက်သုံးယာဉ်တွေကို ကမ်းခြေပေါ် တိုက်ရိုက်ချပေးနိုင်တဲ့ နည်းဗျူဟာသစ်နဲ့ ရွေ့လျား ရေပေါ်ဆိပ်ခံတံတားတွေကိုပါ စမ်းသပ်အသုံးပြုလာတာကို တွေ့ရပါတယ်။

ကမ္ဘာ့သင်္ဘောတည်ဆောက်ရေးလုပ်ငန်းရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ပိုင်ဆိုင်ထားတဲ့ တရုတ်ဟာ ဒီအရပ်ဘက်သင်္ဘောတွေကို စစ်ရေးမှာ အသုံးပြုလာတာကြောင့် ကမ်းတက်စစ်ဆင်ရေးစွမ်းရည် သိသိသာသာ မြင့်တက်လာတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

စက်တင်ဘာ ၃ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာလည်း သမ္မတ ရှီကျင့်ဖျင်က စစ်တပ်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး တရုတ်ဘက်က ထိုင်ဝမ်ကို အင်အားသုံး သိမ်းပိုက်မယ့် အစီအစဉ်ကို စွန့်လွှတ်မှာမဟုတ်ဘူးလို့ ကြေညာထားပါတယ်။

ထိုင်ဝမ်ကာကွယ်ရေးတာဝန်ရှိသူတွေကတော့ ဒီသင်္ဘောတွေဟာ လက်နက်ကြီးဒဏ် ခံနိုင်ရည် မရှိတာကြောင့် ဒါဟာ ပြည်သူတွေကြောက်လန့်အောင် ခြိမ်းခြောက်တဲ့ စိတ်ခံစားမှုဆိုင်ရာ စစ်ဆင်ရေး (Cognitive Warfare) တခုပဲ ဖြစ်နိုင်တယ်လို့ ရှုမြင်ကြပါတယ်။

ထိုင်ဝမ်ရေလက်ကြားရဲ့ ရာသီဥတုနဲ့ ပထဝီအနေအထား အခက်အခဲတွေ ရှိနေပေမဲ့ တရုတ်ဟာ လက်တွေ့ကျတဲ့ ကျူးကျော်စစ် အစီအစဉ်တွေကို ရေးဆွဲပြီး စစ်သည်နဲ့ လက်နက်တွေကို ကမ်းခြေပေါ် အမြန်ဆုံးပို့ဆောင်နိုင်မယ့် နည်းလမ်းသစ်တွေကို အရှိန်မြှင့် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013