DVB Logo
Home
နိုင်ငံတကာ
ထိုင်ဝမ်ကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အမေရိကန် ရောင်းချမည်
DVB
·
November 20, 2025
ထိုင်ဝမ်ကို လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် အမေရိကန် ရောင်းချမည်
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ ယူကရိန်းစစ်ပွဲမှာ စမ်းသပ်ထားပြီးသား ဒေါ်လာ သန်း ၇၀၀ နီးပါး တန်ဖိုးရှိ အဆင့်မြင့်ဒုံးကျည်စနစ်တခုကို ထိုင်ဝမ်ကို ရောင်းချခဲ့ကြောင်း အတည်ပြုခဲ့ပြီး တိုင်ပေအပေါ် ထောက်ခံမှုကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

အဲဒီဒုံးကျည်စနစ်ဟာ ယူကရိန်းကိုပေးပို့တဲ့ စုစုပေါင်း ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ တပတ်အတွင်း ဒုတိယမြောက် လက်နက်ပက်ကေ့ချ်ထဲမှာ ပါဝင်တာပါ။

အင်ဒို-ပစိဖိတ်ဒေသမှာ လက်ရှိ ဒီစနစ်ကို သုံးစွဲနိုင်တာဟာ ဩစတြေးလျနဲ့ အင်ဒိုနီးရှားနိုင်ငံတို့သာ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၂  ဘီလီယံ တန်ကြေးရှိ လက်နက်ရောင်းချမှုရဲ့ တစိတ်တပိုင်းအဖြစ် အဲဒီ အဆင့်မြင့်ဒုံးကျည်စနစ် ၃ ခုကို ထိုင်ဝမ်က ရရှိလိမ့်မယ်လို့ အမေရိကန်ပြည်ထောင်စုက ပြီးခဲ့တဲ့နှစ်မှာ ပြောပါတယ်။

အမျိုးသားအဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ် (နာဆမ်စ်) တာလတ်ပစ် လေကြောင်းကာကွယ်ရေး နည်းလမ်းတွေကို RTX ကုမ္ပဏီက ထုတ်လုပ်ထားပြီး ထိုင်ဝမ်အတွက် လက်နက်အသစ်တခု ဖြစ်ပါတယ်။

ပင်တဂွန်က ကုမ္ပဏီကို နာဆမ်စ် ယူနစ်တွေကို ဝယ်ယူဖို့အတွက် ခိုင်မာတဲ့ဈေးနှုန်း သတ်မှတ်ထားတဲ့ စာချုပ်တရပ် ပေးအပ်ခဲ့ပြီး ၂၀၃၁ ခုနှစ် ဖေဖော်ဝါရီလမှာ လုပ်ငန်းပြီးစီးမယ်လို့ ခန့်မှန်းထားကြောင်း ပြောကြားခဲ့ပါတယ်။

RTX ကုမ္ပဏီက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

ရုရှားကျူးကျော်မှုကို ခုခံကာကွယ်ဖို့အတွက် ယူကရိန်းမှာ အသုံးပြုနေတဲ့ နာဆမ်စ် စနစ်ဟာ လေကြောင်းကာကွယ်ရေးစွမ်းဆောင်ရည်ကို ထူးထူးခြားခြား တိုးမြှင့်ပေးပြီး အဲဒီစနစ်အပေါ် တောင်းဆိုမှု တိုးလာနေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

ထိုင်ဝမ်စစ်တပ်ဟာ တရုတ်နိုင်ငံက လုပ်ဆောင်လာနိုင်တဲ့ တိုက်ခိုက်မှုတွေကို ပိုမိုကောင်းမွန်စွာ တုံ့ပြန်နိုင်ဖို့ လက်နက်တပ်ဆင်မှုကို မြှင့်တင်နေပြီး အရေးကြီးတဲ့ ရေကြောင်းထောက်ပံ့ရေး လမ်းကြောင်းတွေကို ကာကွယ်နေပါတယ်။

တရုတ်စစ်တပ်ဟာ ထိုင်ဝမ်တဝိုက်ကို နေ့စဉ်နီးပါး လှုပ်ရှားလှည့်ပတ်နေပြီး အဲဒီလုပ်ရပ်ဟာ ထိုင်ဝမ်တပ်ဖွဲ့တွေကို စမ်းသပ်ပြီး အားလျော့ပင်ပန်းအောင် လုပ်နေတဲ့ “မီးခိုးရောင်ဇုန်” မဟာဗျူဟာလို့ တိုင်ပေကလည်း ရှုမြင်သုံးသပ်ထားပါတယ်။

တရားဝင် သံတမန်ဆက်ဆံရေး မရှိပေမဲ့လည်း အမေရိကန်ပြည်ထောင်စုဟာ ထိုင်ဝမ်ကို ဥပဒေအရ သူ့ကိုယ်သူ ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ပံ့ပိုးပေးဖို့သာ ဦးတည်ထားပြီး ပေကျင်းရဲ့ ဆက်တိုက် ဒေါသထွက်နေမှုကို လျစ်လျူရှုထားတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013