DVB Logo
Home
နိုင်ငံတကာ
AI နောက်ဆုံးမော်ဒယ် Gemini 3 ကို Google ကြေညာ
DVB
·
November 19, 2025
AI နောက်ဆုံးမော်ဒယ် Gemini 3 ကို Google ကြေညာ
Donate to DVB

Google က AI နောက်ဆုံးမော်ဒယ်ဖြစ်တဲ့ Gemini 3 ကို ကြေညာခဲ့တာကြောင့် ChatGPT ရဲ့  OpenAI နဲ့ ယှဉ်ပြိုင်မှု ပိုပြီး ပြင်းထန်လာပါတယ်။

AI မော်ဒယ်အသစ်ဟာ သုံးစွဲသူတွေအတွက် ပိုပြီးရှုပ်ထွေးတဲ့ မေးခွန်းတွေကို ပိုကောင်းတဲ့ အဖြေတွေ ပေးနိုင်မှာဖြစ်ပါတယ်။

“လိုအပ်တာတွေကို prompt နည်းနည်းနဲ့ ရနိုင်ပါတယ်” လို့ အယ်ဖာဘတ် စီအီးအို ဆွန်းဒါပွတ်ချိုင်းက ပြောပါတယ်။

Gemini 3 ကို Gemini app ထဲမှာ ပါဝင်မှာဖြစ်ပြီး Google AI ရှာဖွေမှုမှာ AI Mode နဲ့ AI Overviews တို့ အပါအဝင် လုပ်ငန်းသုံးအဆင့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

အင်္ဂါနေ့က ထွက်ရှိခဲ့တဲ့ Gemini 3 ဟာ လာမယ့် ရက်သတ္တပတ်တွေအတွင်းမှာ ပိုပြီး လူသိများလာဖွယ် ရှိပါတယ်။

ဒါဟာ Gemini 2.5 ကို မိတ်ဆက်ခဲ့ပြီး ၈ လအကြာမှာ မိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Gemini app အသုံးပြုသူဟာ တလကို သန်း ၆၅၀ ရှိပြီး AI Overviews ကို လစဉ် အသုံးပြုသူ ၂ ဘီလီယံအထိ ရှိပါတယ်လို့ Google က‌ ပြောပါတယ်။

ChatGPT ကတော့ အပတ်စဉ်အလိုက် အသုံးပြုသူ သန်း ၇၀၀ ရှိတယ်လို့ ဩဂုတ်လတုန်းက ပြောခဲ့ဖူးပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ChatGPT ဟာ ပြီးခဲ့တဲ့ ဩဂုတ်လက GPT 5 ကို မိတ်ဆက်ခဲ့တာလည်း တွေ့ရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်ကလည်း update ၂ ခု ပေးခဲ့တာကြောင့် ChatGPT နဲ့ Google တို့ရဲ့ AI နည်းပညာ ယှဉ်ပြိုင်မှု ပိုပြီး ပြင်းထန်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013