DVB Logo
Home
နိုင်ငံတကာ
ကုလသမဂ္ဂ တားမြစ်ချက်ကို လျစ်လျူရှုပြီး အစ္စရေးက နယ်စပ်တံတိုင်း ဆက်ဆောက်
DVB
·
November 17, 2025
ကုလသမဂ္ဂ တားမြစ်ချက်ကို လျစ်လျူရှုပြီး အစ္စရေးက နယ်စပ်တံတိုင်း ဆက်ဆောက်
Donate to DVB

အစ္စရေးအစိုးရဟာ ကုလသမဂ္ဂရဲ့ တားမြစ်ချက်ကို မျက်ကွယ်ပြုပြီး နိုင်ငံတောင်ပိုင်း နယ်စပ်တလျှောက်မှာ ကွန်ကရစ်တံတိုင်းတခုကို ဆက်လက်တည်ဆောက်နေတယ်လို့ လက်ဘနွန်သမ္မတက နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဒီတံတိုင်းဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ “အပြာရောင်မျဉ်း” လို့ခေါ်တဲ့ နယ်နိမိတ်မျဉ်းနဲ့ နီးကပ်နေပြီး အဲဒီမျဉ်းကို ၂၀၀၀ ပြည့်နှစ်မှာ အစ္စရေးတပ်တွေ လက်ဘနွန်တောင်ပိုင်းကနေ ဆုတ်ခွာပြီးနောက်ပိုင်း ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

တံတိုင်းကြောင့် လက်ဘနွန်နယ်မြေ စတုရန်းမီတာ ၄,၀၀၀ ကျော်ဆီ ဒေသခံပြည်သူတွေ ဝင်ရောက်ခွင့်မရှိဘဲ ပိတ်ဆို့ထားတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ဒီတံတိုင်းဟာ လက်ဘနွန်နိုင်ငံသားတွေကို သူတို့ရဲ့ လယ်ယာမြေတွေဆီ သွားလာခွင့် ပိတ်ဆို့ထားတယ်လို့ နိုဝင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

လက်ဘနွန်သမ္မတကလည်း ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်ရာရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

တံတိုင်းက အပြာရောင်မျဉ်းကို ဖြတ်ကျော်သွားတယ်ဆိုတဲ့ စွဲချက်ကို အစ္စရေးစစ်ဘက် ပြောရေးဆိုခွင့်ရှိသူတယောက်ကငြင်းပါတယ်။

"တံတိုင်းဟာ ၂၀၂၂ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တဲ့ အစ္စရေးကာကွယ်ရေးတပ်ရဲ့ အစီအစဉ် တစိတ်တပိုင်းဖြစ်တယ်”လို့ ပြောရေးဆိုခွင့်ရှိသူက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့တွေကို ရည်ညွှန်း ပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013