DVB Logo
Home
နိုင်ငံတကာ
အီဂျစ်က ဂါဇာနယ်စပ်တွင် ၇ မီတာမြင့် တံတိုင်း တည်ဆောက်နေ
DVB
·
February 16, 2024
အီဂျစ်က ဂါဇာနယ်စပ်တွင် ၇ မီတာမြင့် တံတိုင်း တည်ဆောက်နေ
Donate to DVB

အီဂျစ်နိုင်ငံနယ်စပ်၊ ဂါဇာတောင်ပိုင်းမြို့ ရာဖာကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ အီဂျစ်နိုင်ငံဘက်က ၇ မီတာမြင့် တံတိုင်းပတ်လည်ဝိုင်းထားတဲ့ ကြားခံဇုန်လိုနေရာမျိုး တည်ဆောက်နေတယ်လို့ အီဂျစ် လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Middle East Eye သတင်းမှာ ဖော်ပြပါတယ်။

အီဂျစ်ဘက်က ဂါဇာနဲ့ အီဂျစ်ကို ပိုင်းခြားထားတဲ့ တံတိုင်းကို အဆင့်မြှင့်တဲ့၊ ထပ်မံကာရန်တဲ့ သတင်းဓာတ်ပုံတွေ၊ ဂြိုဟ်တုဓာတ်ပုံတွေ ဖော်ပြနေကြတာ တွေ့နေရပေမဲ့ ဒီလိုမျိုး ကြားခံဇုန်သတင်းကတော့ အခုမှထွက်လာတာပါ။

ဆိုင်းနိုင်း လူ့အခွင့်အရေးဖောင်ဒေးရှင်းက အီဂျစ်ဒေသခံ ကန်ထရိုက်တွေနဲ့ တွေ့ဆုံမေးမြန်းချက်အရ ဆိုင်းနိုင်းကျွန်းဆွယ်ထဲက နေရာတခုမှာ ၇ မီတာမြင့်တဲ့ တံတိုင်းတွေ ဝိုင်းပတ်ထားတဲ့ ဧရိယာတခု တည်ဆောက်နေတယ်လို့ သိရပါတယ်။

အဲဒီအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ဒေသခံတိုင်းရင်းသားတချို့ရဲ့ နေအိမ်တွေကိုပါ ဖျက်ပစ်ခဲ့ပြီး လူအမြောက်အမြား၊ စက်ယန္တရား အမြောက်အမြားနဲ့ တည်ဆောက်နေကြပုံတွေ ပါရှိပါတယ်။

အစ္စရေးထိုးစစ်ကြောင့် ဂါဇာဒေသခံ ပါလက်စတိုင်းတွေ ဘေးလွတ်ရာပြေးကြရင်း နောက်ဆုံး တောင်ဘက်စွန်းမြို့ ရာဖာမှာ လူ ၁ သန်းကျော်လောက် ကျပ်ကျပ်တည်းတည်း ခိုလှုံနေကြရတာ ဖြစ်ပါတယ်။

အဲဒီရာဖာမြို့ကို အစ္စရေးက မြေပြင်ထိုးစစ်ဆင်မယ် ပြောထားတဲ့အတွက် ဒီလိုဖြစ်လာရင် ပြေးစရာ အီဂျစ်နိုင်ငံဘက်ပဲ ရှိတော့တာဖြစ်ပါတယ်။

ဒါပေမဲ့ အီဂျစ်ကလည်း အမြဲတမ်း နေရာရွှေ့ပြောင်းမှု ဖြစ်သွားမှာ စိုးရိမ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ငြင်းထားပါတယ်။

ဒါပေမဲ့ အရပ်သားတွေ အမြောက်အမြား သေကျေမှာကို ဒီတိုင်းကြည့်နေလို့ မရသလို အီဂျစ်နိုင်ငံထဲ ဟားမတ်စ်အဖွဲ့ပါ စိမ့်ဝင်လာမှာ၊ ဒုက္ခသည်တွေ စိမ့်ဝင်လာမှာကိုလည်း စိုးရိမ်တဲ့အတွက် ဒီကြားခံဇုန်သဘောမျိုး ကြိုတင်ပြင်ဆင်တာ ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013