DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ သတင်းမှား ဖော်ပြမှုနှင့် တားမြစ်ချက် ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်
DVB
·
March 29, 2020
ကိုဗစ်-၁၉ သတင်းမှား ဖော်ပြမှုနှင့် တားမြစ်ချက် ချိုးဖောက်ပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါနဲ့ပတ်သက်ပြီး သတင်းမှားတွေ ဖော်ပြတာ၊ တားမြစ်ထားတာတွေကို ချိုးဖောက်မယ်ဆိုရင် ထောင်ဒဏ် ၁ နှစ်အထိ ချမှတ်နိုင်ပါတယ်။

လက်ရှိဖြစ်နေတဲ့ရောဂါဟာ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၂၀၁၁)၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃)တို့နဲ့ အကျုံးဝင်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။

ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီရဲ့ အတည်ပြုချက်နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ ကူးစက်ရောဂါဘေးအန္တရာယ်နဲ့ပတ်သက်လို့ ထုတ်ပြန်ထားရှိပြီးဖြစ်တဲ့ ဥပဒေတွေကို ပြည်သူအားလုံးက လိုက်နာကြဖို့လည်း ပန်ကြားထားပါတယ်။

ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ (၁၉၉၅) ကို ပြင်ဆင်တဲ့ဥပဒေ (၂၀၁၁) ပုဒ်မ-၁၄ အရ အမိန့်ထုတ်ပြန်ထားတဲ့ ကူးစက်မြန်ရောဂါဖြစ်ပွားနေသူကို နေအိမ်က ထွက်ခွာသွားလာခွင့်၊ ကူးစက်မြန် ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ ဒါမှမဟုတ် မြို့နယ်ထဲမှာ နေသူတွေကို ပြင်ပကို ထွက်ခွာသွားလာခွင့်၊ ပြင်ပကလူတွေကို ကူးစက်မြန်ရောဂါဖြစ်ပွားရာ နေအိမ်၊ ရပ်ကွက်၊ ကျေးရွာ ဒါမှဟုတ် မြို့နယ်ထဲကိုဝင်ရောက်ခွင့်၊ မီးရထား၊ မော်တော်ယာဉ်၊ လေယာဉ်၊ ရေယာဉ် ဒါမှမဟုတ် တခြားယာဉ်တမျိုးမျိုးနဲ့ ရောက်လာသူတွေမှာ ကူးစက်မြန်ရောဂါ ဖြစ်ပွားနေသူ ပါလာခဲ့ရင် သူ့ကို ကျန်းမာရေး စစ်ဆေးဖို့အတွက် သီးခြားထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်တဲ့အချိန်အထိ ပြင်ပကို ထွက်ခွာသွားလာခွင့်၊ ပွဲလမ်းသဘင်ကျင်းပနေတုန်း ကူးစက်မြန်ရောဂါဖြစ်ပွားလာရင် အများပြည်သူတို့ကို ပွဲလမ်းသဘင်ကျင်းပရာ နေရာကို သွားလာခွင့်နဲ့ ပွဲလမ်းသဘင်ကို ဆက်လက်ကျင်းပခွင့်၊ ကူးစက်မြန်ရောဂါဖြစ်တယ်လို့ သံသယရှိတဲ့ တိရစ္ဆာန် ဒါမှမဟုတ် အဲဒီ တိရစ္ဆာန်ထွက်ပစ္စည်း သယ်ဆောင်လာတဲ့ယာဉ်ကို ဝင်ထွက်သွားလာခွင့် စတဲ့ တားမြစ်ပိတ်ပင်ချက်တွေကို ဖောက်ဖျက်ရင် ထောက်ဒဏ် ၆ လအထိ ဖြစ်ဖြစ်၊ ကျပ် ၅၀၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် အရေးယူချမှတ်အပြစ်ပေးခံရမယ်လို့ ဆိုပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ(၂၀၁၃) အရ ဘယ်သူမဆို အများပြည်သူ အထိတ်တလန့် ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ မဟုတ်မမှန် သတင်းလွှင့်တာကို ပြစ်မှုထင်ရှား စီရင်ခြင်းခံရရင် ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု တရပ်ရပ်ကို ဆောင်ရွက်ဖို့ ဒီဥပဒေအရ တာဝန်ပေးအပ်ခံရတဲ့ ဌာန၊ အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်ရဲ့ရ ညွှန်ကြားချက်တရပ်ရပ်ကို လိုက်နာဖို့ တမင်ပျက်ကွက်ခဲ့ရင်လည်း ၁ နှစ်ထက် မပိုတဲ့ ထောင်ဒဏ်ဖြစ်ဖြစ်၊ ငွေဒဏ် ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ ဥပဒေတွေကို သိရှိပြီး လိုက်နာဆောင်ရွက်ဖို့လိုသလို အစိုးရက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး အားလုံး ပူးပေါင်းပါဝင်ကြဖို့လည်း ဝန်ကြီးဌာနက အသိပေးကြေညာပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013