DVB Logo
Home
မြန်မာသတင်း
စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို  NUG ဖမ်းဆီးအရေးယူမည်
DVB
·
November 16, 2025
စလင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ၁ ဦးကို  NUG ဖမ်းဆီးအရေးယူမည်
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ အာဏာသိမ်း စစ်တပ်ကပြုလုပ်မယ့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ ပါဝင်နေတဲ့ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တယောက်ကို အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG) ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူဟာ တရားလွှတ်တော်ရှေ့နေ ဦးသက်ဝေ ဖြစ်ပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ဦးဆောင်ပါဝင်နေတယ်လို့ ပြည်သူ‌တွေရဲ့ သတင်းပေးပို့မှုအရ ဖမ်းဆီးခဲ့တာလို့ NUG က နိုဝင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ပါတယ်။

ဦးသက်ဝေကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေနဲ့အညီ အရေးယူအပြစ်ပေးနိုင်ဖို့ စလင်းမြို့နယ် တရားရေးအဖွဲ့က တရားရေးရာ လုပ်ထုံးလုပ်နည်းအတိုင်း စီစဉ်ဆောင်ရွက်နေတယ်လို့လည်း NUG က ဆိုပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်တာမပြုဖို့ဆိုပြီး NUG က ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ထားသလို ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၆ ရက်က ရွေးကောက်ပွဲအတွက် အတင်းအကျပ် မဲပေးခိုင်းစေသူတွေကို တိုင်ကြားနိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013