DVB Logo
Home
နိုင်ငံတကာ
ဘီဘီစီကို လာမည့်သီတင်းပတ် တရားစွဲမည်ဟု ထရမ့်ပ်ပြော
DVB
·
November 15, 2025
ဘီဘီစီကို လာမည့်သီတင်းပတ် တရားစွဲမည်ဟု ထရမ့်ပ်ပြော
Donate to DVB

ဘီဘီစီသတင်းဌာနကို လာမယ့်သီတင်းပတ်မှာ ဒေါ်လာ ၁ ဘီလီယံကနေ ၅ ဘီလီယံအထိ လျော်ကြေးရလိုမှုအတွက် တရားစွဲမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဗြိတိန်သတင်းဌာနက ထရမ့်ပ်ရဲ့ မိန့်ခွန်းကို တည်းဖြတ်မှုမှားယွင်းခဲ့ကြောင်း ဝန်ခံခဲ့ပေမဲ့ လျော်ကြေးမပေးနိုင်ဘူးလို့ ငြင်းဆိုခဲ့ပြီးနောက် ထရမ့်ပ်က လာမယ့်အပတ်မှာ တရားစွဲမယ်လို့ ပြောခဲ့တာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ပြောကြားခဲ့တဲ့ ထရမ့်ပ်ရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး မှားယွင်းစွာ ဖော်ပြမှုကြောင့် ထိပ်တန်းအရာရှိ ၂ ယောက် နုတ်ထွက်ခဲ့တာတွေ့ရပါတယ်။

ထရမ့်ပ်ရဲ့ ရှေ့နေက ဘီဘီစီကို ဒေါ်လာ ၁ ဘီလီယံထက်မနည်းတဲ့ ငွေပေးမှသာ တရားစွဲတာက ရုပ်သိမ်းပေးမှာ ဖြစ်ကြောင်း သောကြာနေ့က နောက်ဆုံးအချိန်သတ်မှတ်ပေးခဲ့ပါတယ်။

ဂုဏ်သိက္ခာပိုင်း ထိခိုက်မှုနဲ့ ငွေကြေးဆုံးရှုံးမှုများအတွက် လျော်ကြေးငွေနဲ့ တောင်းပန်ဖို့ လိုအပ်တယ်လို့ ရှေ့နေတွေက တောင်းဆိုခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဘီဘီစီက ဆုံးဖြတ်မှု အမှားကြောင့် အခုလို ဖြစ်ခဲ့တာဖြစ်တဲ့အကြောင်း ထရမ့်ပ်ကို ပုဂ္ဂိုလ်ရေးအရ ကြာသပတေးနေ့မှာ တောင်းပန်ခဲ့ပြီး ဒီရုပ်သံကိုလည်း ထုတ်လွှင့်မှာ မဟုတ်တဲ့အကြောင်းနဲ့ အသရေဖျက်မှုနဲ့ စွပ်စွဲချက်ကိုတော့ ငြင်းပယ်ထားတာဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ပ်က “ဒေါ်လာ ၁ ဘီလီယံကနေ ၅ ဘီလီယံအထိ လျော်ကြေးရဖို့ ကျနော်တို့ တရားစွဲမှာပါ။ လာမယ့်အပတ်မှာ တရားစွဲဖို့ ဖြစ်နိုင်ပါလိမ့်မယ်။ ဒီတရားစွဲတဲ့ကိစ္စကို ကျနော်လုပ်ရမယ်လို့ ထင်ပါတယ်။ သူတို့က သူတို့လိမ်ခဲ့တယ်ဆိုတာ ဝန်ခံထားပါတယ်။ ကျနော့်ပါးစပ်က ထွက်တဲ့ စကားတွေကို သူတို့က ပြောင်းလဲပစ်ခဲ့တာပါ” လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

ထရမ့်ပ်မိန့်ခွန်းပြောတဲ့ ရုပ်သံကို ဘီဘီစီရဲ့ Panorama အစီအစဉ်အသစ်ကနေ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ထရမ့်ပ်ရဲ့ မိန့်ခွန်း ၃ ခုကို အတူတွဲပြီး ဖော်ပြခဲ့တာပါ။ ထရမ့်ပ်ရဲ့ ရှေ့နေတွေကတော့ ဒီဖော်ပြမှုဟာ လိမ်လည်မှုနဲ့ အသရေဖျက်မှုဖြစ်တယ်လို့ ဆိုထားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013