
အင်္ဂလန်တိုက်စစ်မှူးဟောင်း ဂယ်ရီလီနီကာက သူ့အနေနဲ့ ဘီဘီစီမှာ ပြန်လည်လုပ်ကိုင်ဖို့ စိတ်ကူးမရှိတော့သလို နောင်တလည်းမရကြောင်း ဖွင့်ဟလိုက်ပါတယ်။
ဘီဘီစီရဲ့ Match of the Day အစီအစဉ်မှာ ၂၆ နှစ်ကြာ တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် လွန်ခဲ့တဲ့ တနှစ်ကျော်က လူမှုကွန်ရက်ပေါ်က ပို့စ်တခုကြောင့် တစ်နှစ်ကို ပေါင် ၁ ဒသမ ၃ သန်းရရှိတဲ့ ဘီဘီစီအလုပ်ကနေ နုတ်ထွက်ခဲ့ရတာပါ။
ဘီဘီစီရဲ့ စည်းမျဉ်းသစ်တွေကြောင့် လွတ်လပ်စွာ ပြောဆိုခွင့် ပိတ်ပင်ခံထားရသလို ခံစားခဲ့ရပြီး အခုအခါမှာတော့ ပိုမိုလွတ်လပ်မှုရှိနေတယ်လို ဆိုပါတယ်။
လီနီကာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နက်ဖလစ် က ပေါင် ၁၄ သန်းနဲ့ ဝယ်ယူထားတဲ့ ‘The Rest is Football’ ပေါ့ဒ်ကတ်စ်အစီအစဉ်ကို အလန်ရှီးယား၊ မီကာရစ်ချက်တိုနဲ့အတူ နယူးယောက်မြို့ကနေ တင်ဆက်သွားမှာ ဖြစ်ပါတယ်။










