
ဟာသာဘာလင်ရဲ့ ဂျာမနီ ဆယ်ကျော်သက်ကွင်းလယ်လူ ကန်းနက် အိတ်ခ်ဟွန်းကို ချဉ်းကပ်နေတဲ့ထဲကို မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်လာပြီလို့ Sky Sport က ဖော်ပြပါတယ်။
အသက် ၁၆ နှစ်အရွယ် ကွင်းလယ်အဖျက်ကစားသမားကို စပိန်ကလပ် ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ပြင်သစ်ကလပ် PSG နဲ့ ဂျာမန်ဘီလူး ဘိုင်ယန်မြူးနစ်တို့က အပြိုင်လိုက်နေတာ ဖြစ်ပါတယ်။
ကန်းနက်ဟာ ဂျာမန်ဒုတိယတန်းကလပ် ဟာသာဘာလင်အသင်းမှာ ၉ ပွဲကစားထားပြီး အဲဒီအထဲက ၇ ပွဲကို ပွဲထွက်ကစားခွင့်ရထားတာ ဖြစ်ပါတယ်။
သူ့ကိုရရှိဖို့ ဟာသာဘာလင်ကို ပြောင်းရွှေ့ကြေးအဖြစ် ယူရို ၁၀ သန်းကနေ ၁၂ သန်းအထိ ပေးရနိုင်တယ်လို့ Sky Sport က ခန့်မှန်းထားပါတယ်။










