
ဂျာမနီနိုင်ငံ၊ ဘွန်းမြို့က ရုရှားကောင်စစ်ဝန်ရုံးနဲ့ မြို့တော်ဘာလင်က ရုရှားယဉ်ကျေးမှုစင်တာကို ပိတ်ဖို့ ဂျာမန်အစိုးရရဲ့ ဆုံးဖြတ်ချက်အတွက် လက်စားချေတဲ့အနေနဲ့ စိန့်ပီတာစဘတ်မြို့က ဂျာမန်ကောင်စစ်ဝန်ရုံးချုပ်ကို ပိတ်မယ်လို့ ရုရှားက စက်တင်ဘာ ၇ ရက်မှာ ပြောပါတယ်။
လိုက်ပ်ဇစ်/ဟာလေ လေဆိပ်မှာ ရုရှားအစိုးရက ဒရုန်းနဲ့တိုက်ခိုက်ဖို့ ကြိုးပမ်းမှုနဲ့ စွပ်စွဲပြီးတဲ့နောက် ဂျာမနီက ကိုယ်ပိုင်လုပ်ဆောင်ချက်တွေကို ဆောင်ရွက်ခဲ့ပြီး ရုရှားက ရယ်စရာကောင်းတဲ့ လုပ်ကြံမှုလို့ ခေါ်ဆိုခဲ့ကြပါတယ်။
စိန့်ပီတာစဘတ်မြို့က ဂျာမန်ကောင်စစ်ဝန်ရုံးဟာ စက်တင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး လုပ်ငန်းလည်ပတ်မှုကို ရပ်ဆိုင်းရမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဒ့ါအပြင် ရုရှားနိုင်ငံထဲက ဂျာမနီရဲ့ ဂိုသဲအင်စတီကျု ယဉ်ကျေးမှုစင်တာတွေဟာ လုပ်ငန်းဆောင်တာတွေကို ရပ်ဆိုင်းရမှာဖြစ်ပြီး ဝန်ထမ်းတွေ စက်တင်ဘာ ၁၃ ရက် နောက်ဆုံးထားပြီး ရုရှားနိုင်ငံကနေ ထွက်သွားဖို့ အမိန့်ပေးခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။
၂ နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုအသစ်တခုကို ထပ်နှိုးဆွပေးခဲ့သူမှာ ဂျာမန်အာဏာပိုင်တွေ ဖြစ်ပြီး ဂျာမန်အစိုးရမှာ အကျိုးဆက်တွေအတွက် အပြည့်အဝတာဝန်ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။











