DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် တိမ်းမှောက် နာနတ်သီးတင်ကားပေါ်မှ စိတ်ကြွဆေးပြား ၃ သန်း ဖမ်းမိ 
DVB
·
November 10, 2025
ထိုင်းတွင် တိမ်းမှောက် နာနတ်သီးတင်ကားပေါ်မှ စိတ်ကြွဆေးပြား ၃ သန်း ဖမ်းမိ 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ နခွန်းဆဝမ်ခရိုင်၊ တာခ်ဖာ့မြို့နယ်ထဲမှာ နိုဝင်ဘာ ၉ ရက်က နာနတ်သီးအပြည့် တင်ဆောင်လာတဲ့ ကားတစီး မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး တိမ်းမှောက်သွားရာက ကားပေါ်တင်လာတဲ့ စိတ်ကြွဆေးပြား ၃ သန်းပါး တွေ့ရှိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါ တယ်။ 

တာခ်ဖာ့မြို့နယ် ကီလိုတိုင်အမှတ် ၁၁ လမ်းမကြီးပေါ်မှာ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီလောက်က နာနတ်သီးတွေ အပြည့်တင်ဆောင်လာတဲ့ မီးခိုးရောင် တိုယိုတာဟိုင်း လပ်စ်ကားတစီး ယာဉ်တိုက်မှုဖြစ်ပြီး တိမ်းမှောက်သွားကြောင်း သတင်းပေးပို့ချက်ရတာကြောင့် တာခ်ဖာ့နယ်မြေရဲတပ်ဖွဲ့ ရဲမှူးကြီး ချိုင်းနရုန်း အောင်ယိမ့်နဲ့ တာဝန်ရှိသူတွေဟာ ချက်ချင်းသွားရောက်စစ်ဆေးခဲ့ကြပါတယ်။ 

အခင်းဖြစ်တဲ့နေရာမှာ အဆိုပါဟိုင်းလပ်စ်ကားဟာ ဘေးစောင်းအနေအထားနဲ့ တိမ်းမှောက်နေပြီး အနီးနားတဝိုက်မှာလည်း နာနတ်သီးတွေ ဖိတ်စင်ပြန့်ကျဲနေတာ တွေ့ရတယ်။ အဲဒီနာနတ်သီးတွေနဲ့အတူ အနက်ရောင်အိတ်တွေလည်း ပြုတ်ကျနေတယ်။ 

အဆိုပါအိတ်တွေမှာ စုစုပေါင်း ၁၂ လုံးရှိပြီး တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးရာမှာ ကိုးသုံးလုံးအမှတ်တံဆိပ် စိတ်ကြွဆေးပြားစုစုပေါင်း ၃ သန်း တွေ့ရှိပြီး ယာဉ်မောင်းကတော့ ထွက် ပြေးလွတ်မြောက်နေတယ်လို့ ဆိုပါတယ်။ 

အဲဒီမတိုင်ခင်က နာနတ်သီးတင်ကားဟာ ရှေ့တည့်တည့်က မောင်းလာတဲ့ ဆိုင်ကယ်တစီးနဲ့ ဝင်တိုက်ခဲ့တယ်၊ ဆိုင်ကယ်မောင်းတဲ့ အသက် ၆၀ ရွယ် လူကြီးတယောက် ထိခိုက်ဒဏ်ရာရပြီး ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

မျက်မြင်သက်သေ အမျိုးသမီးပြောပြချက်အရ အဆိုပါ နာနတ်သီးတင်တဲ့ကားဟာ အစက သူ့နောက်ကနေ မောင်းလာခဲ့တယ်၊ အဲဒီနောက် သူ့ကားကိုကျော်တက်ပြီး ဘရိတ်အုပ်သံ အကျယ်ကြီး ကြားရတယ်။ ရှေ့ကမောင်းလာတဲ့ ဆိုင်ကယ်နဲ့ ဝင်တိုက်မိတာလို့ ဆိုပါတယ်။ 

ကားမောင်းသမားဟာ ကားထဲကနေခုန်ထွက်လာပြီး ခြေထောက်မှာ ဒဏ်ရာရသွားဟန်တူတယ်၊ အဲဒီနောက် သူဟာ  အင်းပူးရီးမြို့ဘက်ကိုသွားမယ့် လမ်းပေါ်က ကားတစီးကို တားစီးပြီး လိုက်သွားတယ်လို့  ဆိုပါတယ်။ 

တာဝန်ရှိသူတွေက အဆိုပါကားထွက်သွားရာလမ်းကြောင်းနောက် လိုက်လံဖမ်းဆီးတာမှာ ညနေ ၆ နာရီ မိနစ် ၂၀ မှာတော့ အဆိုပါယာဉ်မောင်းကို အင်းပူးရီးမြို့ထဲမှာ ဖမ်းဆီးရမိတယ်၊   ချင်းရိုင်းခရိုင်က တောင်ပေါ်တိုင်းရင်းသား အသက် ၄၂ နှစ်ရွယ် နိုင်းဧကလတ် ကန်ထဝုန်း ဖြစ်ပြီး နာနတ်သီးထဲမှာ မူးယစ်ဆေးဝါးတွေ ပါလာတာ မသိရကြောင်း၊ သူများက သူ့ကိုအခကြေးငွေနဲ့ ကားမောင်းခိုင်းတာ ဖြစ်တယ်။

ဘယ်သူက မောင်းခိုင်းသလဲ၊ ဘယ်ကို ပို့မှာလဲ၊ ဘယ်သူက ပစ္စည်းလာယူမှာလဲ ဆိုတဲ့ မေးခွန်းတွေကိုတော့ ဆက်လက်စစ်ကြောနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source :  Workpoint News / SKY Plus News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013