DVB Logo
Home
မြန်မာသတင်း
လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲ ဝင်ခွင့်ပြု
DVB
·
November 9, 2025
လူသတ်မှုဖြင့် ဖမ်းဆီးခံရသည့် ကိုယ်စားလှယ်လောင်းကို ရွေးကောက်ပွဲ ဝင်ခွင့်ပြု
Donate to DVB

လူသတ်မှုနဲ့ ဖမ်းဆီးခံရထားရတဲ့ ပီသုံးလုံးပါတီက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမှာ ယှဥ်ပြိုင်ခွင့်ပြုလိုက်တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နိုဝင်ဘာ ၈ ရက်က စစ်အုပ်စုနဲ့ပြည်တွင်းသတင်းမီဒီယာတွေ အုပ်စုဖွဲ့တည်ထောင်ထားတဲ့ Viber Group မှာ သတင်းဌာနတခုက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ပီသုံးလုံးပါတီက ဦးစိုင်းရွှေထီးကို ကိုယ်စားလှယ်လောင်းကနေ ပယ်ဖျက်ခြင်းရှိ/မရှိ မေးမြန်းရာမှာ UEC က ပြန်လည်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

“ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က) အရ ထောင်ဒဏ်ကျခံနေရသူများကို ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိပါဘူး။ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/ ၁၁၄ နဲ့ ဖမ်းဆီးခံထားရတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်း ဦးစိုင်းရွှေထီးမှာ တရားစွဲဆိုခံထားရတာဖြစ်ပြီး သက်ဆိုင်ရာ တရားရုံးမှ စစ်ဆေး၍ ပြစ်မှုချခံရပြီး ထောင်ကျမှသာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရမှာဖြစ်တယ်” လို့ ပြန်လည်ဖြေကြားခဲ့တာပါ။

စစ်အုပ်စုကပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ရက်ပေါင်း ၅၀ ကျော်သာလိုတော့ပြီး မြန်မာနိုင်ငံအတွင်းရှိ တရားရုံးတွေထုံးစံအရ အမှုစစ်ဆေးချိန်တွေမှာ နှစ်နဲ့ချီကြာမြင့်တဲ့အတွက် ပီသုံးလုံးပါတီက လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းရွှေထီးမှာ ရွေးကောက်ပွဲဝင်ခွင့်ရမယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့တရားရုံးက ထုံးစံက ခိုးမှု ရိုက်မှုတောင် တနှစ်ကျော်ကြာမှ အမိန့်ချတာ။ ရွေးကောက်ပွဲက ရက် ၅၀ ကျော်လောက်ပဲရှိတော့တာဆိုတော့ ဒီရက်အတွင်း တရားရုံးက အမိန့်ချဖြစ်မှာမဟုတ်ဘူး၊ ဒါကြောင့် ပီသုံးလုံးပါတီက ဦးစိုင်းရွှေထီးက ရွေးကောက်ပွဲဝင်ခွင့်ရမှာပါ။ UEC ရွေးကောက်ပွဲဝင်ခွင့်ပေးမယ်လို့ မပြောချင်လို့ ဥပဒေနဲ့ရှင်းပြတာ။ လူသတ်ထားလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဝင်လို့ ရတယ်ဆိုတာ ပြောစမှတ်တွင်သွားတာပေါ့။” 

နိုဝင်ဘာ ၄ ရက် မနက် ၂ နာရီခွဲက တောင်ကြီးမြို့နယ်၊ ရပ်ကွက် ၁ နယ်မြေ ၂ မှာနေတဲ့ ဦးစိုင်းထွန်းဆာဆိုသူ အမျိုးသားတယောက်က ဦးစိုင်းရွှေထီးခြံထဲရှိ ကြက်ကိုဝင်ခိုးခဲ့ရာ သားအဖနှစ်ယောက်က တုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ရာမှ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ပြစ်မှုကျူးလွန်သူ ဦးစိုင်းရွှေထီး နဲ့ စိုင်းကျော်စိုးမိုးတို့ကို အေးသာယာနယ်မြေရဲစခန်းက ဖမ်းဆီးပြီး (ပ) အမှတ် ၇၁ /၂၀၂၅ ၊ပုဒ်မ ၃၀၂/၁၁၄ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အမှတ် ၁ မဲဆန္ဒနယ်မှာ အချိုးကျကိုယ်စားပြု PR စနစ်နဲ့ ပီသုံးလုံးပါတီက ပြည်နယ်လွှတ်တော်ကိုယ်စားနေရာမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်မှာ ဦးစိုင်းရွှေထီးအပါအဝင် ၁၀ ယောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013