
KPop သီချင်း ၂ ပုဒ်ဟာ တနှစ်တာအကောင်းဆုံး သီချင်းကဏ္ဍမှာ ဂရမ်မီဆုအတွက် နာမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။
Netflix ရဲ့သမိုင်းမှာ လူကြည့်အများဆုံး ရုပ်ရှင်ဖြစ်တဲ့ "KPop Demon Hunters" ထဲက "Golden" နဲ့ Rose ၊ Bruno Mars တို့ရဲ့ "APT" တို့ ဂရမ်မီဆုအတွက် နာမည်စာရင်း တင်သွင်းခံရတာပါ။
"Golden" ဟာ စုစုပေါင်း သုံးကြိမ် နာမည်စာရင်းတင်သွင်းခံခဲ့ရတာဖြစ်ပါတယ်။
Demon Hunters အဖွဲ့ HUNTR/X ရဲ့ နောက်ကွယ်အသံရှင် ရေးအေမီက "ဒီအောင်မြင်မှုအဆင့်ကို ကျမဘယ်တုန်းကမှ မတွေးဖူးဘူး။ ကျမတို့အားလုံးအတွက် အခုထိ လုပ်ဆောင်ဖို့ တကယ် ခက်ခဲနေတုန်းပါပဲ” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
"APT" သီချင်းကတော့ တနှစ်တာအကောင်းဆုံး အသံသွင်းမှု၊ ထုတ်လုပ်သူတွေနဲ့ ဖျော်ဖြေသူတွေကို ပေးတဲ့ဆုနဲ့ အကောင်းဆုံးပေါ့ပ်စုံတွဲ/အဖွဲ့လိုက် ဖျော်ဖြေမှုတို့အတွက် အမည်စာရင်း တင်သွင်းခံခဲ့ရပါတယ်။
Source: Reuters










