DVB Logo
Home
နိုင်ငံတကာ
ဂရမ်မီ ဆုပေးပွဲတွင် ဘီယွန်းဆေးက တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆု ပထမဆုံးရရှိ
DVB
·
February 3, 2025
ဂရမ်မီ ဆုပေးပွဲတွင် ဘီယွန်းဆေးက တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆု ပထမဆုံးရရှိ
Donate to DVB

ဖေဖော်ဝါရီ ၂ ရက်မှာ ကျင်းပခဲ့တဲ့ ၆၇ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲအတွင်း ဘီယွန်းဆေးက “တနှစ်တာအကောင်းဆုံး အယ်လ်ဘမ်ဆု” ကို ရရှိပါတယ်။

အဲဒီဆုအမျိုးအစားကို “Cowboy Carter” အမည်ရ ကန်းထရီး အယ်လ်ဘမ်နဲ့အတူ ဘီယွန်းဆေးက ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့တာပါ။

ဘီယွန်းဆေးက သူ့ရဲ့ ဂီတသက်တမ်းတလျှောက်မှာ ဂရမ်မီဆန်ခါတင်စာရင်း ၉၉ ကြိမ် ဝင်ခဲ့ဖူးပြီး အများစံချိန်ဖြစ်တဲ့ ၃၅ ဆုမြောက်ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံးအယ်လ်ဘမ်ဆုနဲ့  ၄ ကြိမ်တိုင်တိုင် လွဲချော်ခဲ့ဖူးတဲ့ ဘီယွန်းဆေးက ဒီတခေါက်မှာတော့ ဂရမ်မီ ၁၄ ဆုရှင် တေလာဆွစ်ဖ်နဲ့  ၉ ဆုရှင် ဘီလီ အိုင်းလစ်ရှ် တို့ကို ကျော်ဖြတ်ရရှိခဲ့တာပါ။

အမေရိကန်ရက်ပ်ပါ ကန်းဒရစ်ခ် လာမား (Kendrick Lamar) ကတော့ အကောင်းဆုံး တေးသီချင်းဆု (Song of The Year) နဲ့  အကောင်းဆုံးတေးထုတ်လုပ်ရေးဆုတွေ (Record of The Year) အရယူနိုင်ခဲ့ပြီး ကနေဒါရက်ပ်ပါ  ဒရိတ်ခ် (Drake) ကို သရော်ထားတဲ့ “Not Like Us” သီချင်းနဲ့ ဖြစ်ပါတယ်။

“Pink Pony Club” သီချင်းရဲ့ ဖန်တီးရှင် ချပ်ပယ်ရုန်း (Chappell Roan) ကတော့ အကောင်းဆုံး မျက်နှာသစ် အနုပညာရှင်ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် အကောင်းဆုံး လက်တင်-ပေါ့ပ် အယ်လ်ဘမ်ဆုအတွက် (BEST LATIN POP ALBUM) ရှက်ကီရာနဲ့ အကောင်းဆုံးပေါ့ပ်ဂီတ အဖွဲ့လိုက်တင်ဆက်မှုဆု (BEST POP GROUP PERFORMANCE) ကို လေဒီဂါဂါနဲ့ ဘရူနို မားစ် တို့က ပူးတွဲပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ဒီနှစ်မှာ ဂရမ်မီ ဆုပေးပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲဆိုပြီး ၂ မျိုးပေါင်းစပ် ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

​ဇန်နဝါရီ ၃၁ ရက်ကမှ ထိန်းချုပ်နိုင်ခဲ့တဲ့ တောမီးကြောင့် လူ ၂၉ ယောက် သေဆုံးခဲ့ရပြီး ဂီတအနုပညာရှင်တွေ အပါအဝင် နေရပ်စွန့်ခွာခဲ့ရတဲ့ လူထောင်ပေါင်းများစွာကို အကူအညီပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်ခဲ့တာပါ။

ဂရမ်မီဆုရှင်တွေကို Recording Academy အဖွဲ့မှာ ပါဝင်တဲ့ အဆိုတော်၊ ထုတ်လုပ်သူ၊ အင်ဂျင်နီယာ၊ သီချင်းရေးဆရာနဲ့ အခြားပညာရှင်ပေါင်း ၁၃,၀၀၀ လောက်က ရွေးချယ်ပေးရတာ ဖြစ်ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013