DVB Logo
Home
အားကစား
ဖလော်ရီယန်ဗက််ဇ၏ အကောင်းဆုံးအချိန် ရောက်လာတော့မည်ဟု ဖခင်ဖြစ်သူ သုံးသပ်
DVB
·
November 9, 2025
ဖလော်ရီယန်ဗက််ဇ၏ အကောင်းဆုံးအချိန် ရောက်လာတော့မည်ဟု ဖခင်ဖြစ်သူ သုံးသပ်
Donate to DVB

လီဗာပူးတိုက်စစ်ကစားသမား ဖလော်ရီယန်ဗက်ဇ်ရဲ့ အကောင်းဆုံးအချိန် ရောက်လာတော့မယ်လို့ ဖခင်ဖြစ်သူ ဟမ်စ်ဗက်ဇ်က ပြောသွားပါတယ်။

ဂျာမန်ကြယ်ပွင့်ဟာ လီဗာပူးအသင်းကို ပေါင် ၁၁၆ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမရှိကြောင်း  ဝေဖန်ခံခဲ့ရသူပါ။ 

ရီးရဲလ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းတချို့ ပြသနိုင်ခဲ့ပြီးနောက် သားဖြစ်သူရဲ့ အကောင်းဆုံးအချိန် ရောက်လာတော့မယ်လို့ ဖခင် ဟမ်စ်ဗက်ဇ်က သုံးသပ်ခဲ့တာပါ။ 

ရာသီအစပိုင်းမှာကတည်းက ပထမဆုံး ၁၀ ပွဲလောက်အထိ စောင့်ကြည့်သွားဖို့ လိုအပ်ကြောင်း ပြောခဲ့ပြီး ဗက်ဇ်ဟာ စွမ်းဆောင်ရည် တိုးတက်လာဖို့ လိုအပ်နေတဲ့တိုင် အခြေအနေအားလုံးကို ကျော်ဖြတ်နိုင်သူဖြစ်ကြောင်း ဟမ်စ်ဗက်ဇ်ကပြောပါတယ်။

ဗက်ဇ်ဟာ အသင်းမှာ အရင်ကထက် ပိုမိုအံဝင်လာတာကြောင့် မကြာခင်အကောင်းဆုံးအချိန်ကို ရောက်ရှိလာတော့မှာဖြစ်ပြီး လီဗာပူးအသင်းဖော်တွေကလည်း ဗက်ဇ်ရဲ့ အရည်အချင်းအပေါ် အသိအမှတ်ပြုကြကြောင်း ဖခင်ဖြစ်သူ ဟမ်စ်ဗက်ဇ်က ပြောသွားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013