DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲရလဒ် ငြင်းပယ်ရန် နိုင်ငံတကာကို CRPH ထပ်မံတောင်းဆို
DVB
·
November 8, 2025
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲရလဒ် ငြင်းပယ်ရန် နိုင်ငံတကာကို CRPH ထပ်မံတောင်းဆို
Donate to DVB

အာဏာသိမ်း စစ်အုပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲ ရလဒ်တွေကို ပြတ်ပြတ်သားသား ငြင်းပယ်ပေးဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ နိုဝင်ဘာ ၈ ရက်မှာ ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဒီနေ့မှာ ကျရောက်တဲ့ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ၅ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်မှာ CRPH က အခုလို ထည့်သွင်းတောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ ဒီမိုကရေစီနည်းကျပြုလုပ်တဲ့ ရွေးကောက်ပွဲကတဆင့် လွှတ်တော်တရပ် မပေါ်ပေါက်မချင်း တရားဝင်ဆဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲကာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့ လက်တွဲပြီး ဆက်လက် ကြိုးပမ်းသွားမယ်လို့လည်း CRPH က ကတိပြုကြောင်း ဆိုပါတယ်။

စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို ဦးတည်မှာ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ အာဏာကို ဆက်လက်ဆုပ်ကိုင်နိုင်ဖို့ ကြိုတင်ကြံစည်ထားတဲ့ တရားမဝင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်စုဟာ နိုင်ငံရဲ့ နယ်မြေ ၃ ပုံ ၁ ပုံခန့်ကိုသာ ထိန်းချုပ်ထားနိုင်ပြီး၊ စစ်ရာဇဝတ်မှုများစွာနဲ့ ဥပဒေနဲ့ လုပ်ရပ်တွေကို ကျူးလွန်နေသလို အဓိကနိုင်ငံရေး အင်အားစုတွေကို ဖယ်ကြဉ်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ထားတာကြောင့် သူတို့ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်သလို ဟန်ပြ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသာ ဖြစ်တယ်လို့လည်း CRPH က ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013