DVB Logo
Home
မြန်မာသတင်း
Mi 38 အပါအဝင် လေယာဉ် ၅ စင်း တပ်တော်ဝင် (ဓာတ်ပုံ) 
DVB
·
November 8, 2025
Mi 38 အပါအဝင် လေယာဉ် ၅ စင်း တပ်တော်ဝင် (ဓာတ်ပုံ) 
1 / 4
Donate to DVB

ရုရှားကဝယ်ယူထားတဲ့ Mi 38 အမျိုးအစားလေယာဉ် အပါအဝင် စစ်ဘက်သုံးလေယာဥ် ၅ စင်းကို စစ်ကောင်စီလေတပ်က  နိုဝင်ဘာလ ၇ ရက်က တပ်တော်ဝင်ခဲ့ပါတယ်။

မနေ့က နေပြည်တော်လေတပ်စခန်းဌာနချုပ်မှာ စစ်ခေါင်းဆောင်ကိုယ်တိုင်တက်ရောက် ဖွင့်လှစ်ပေးခဲ့တဲ့ စစ်ဘက်သုံးလေယာဥ် ၅ စင်း  တပ်တော်ဝင်မှာပွဲမှာ Mi 38 လေယာဉ် ၃ စင်းနဲ့ Y8 - F 200WB အကြီးစား သယ်ယူပို့ဆောင်ယာဥ် ၂ စင်းတို့ ပါဝင်ပါတယ်။

စစ်ဘက်သုံးလေယာဥ်တွေဟာ တိုက်ခိုက်ရေးအတွက် အရေးပါသလို သယ်ယူပို့ဆောင်ရေးနဲ့ ကယ်ဆယ်ရေးအတွက်ပါ အရာရောက်သည့်အတွက် လိုအပ်ချက်အရ ထပ်တိုးဝယ်ယူသွားမယ် လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒီလေယာဉ်တွေဟာ ကယ်ဆယ်ရေးအတွက်လို့ စစ်ခေါင်းဆောင်ကပြောနေပေမဲ့  လက်တွေ့မှာတော့ တိုင်းရင်းသားဒေသတွေအပါအဝင် နိုင်ငံအနှံ့အပြားမှာ ပြည်သူတွေကို တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်က အသုံးပြုနေတာဖြစ်ပါတယ်။ 

ရခိုင်စစ်ဘေးရှောင်တယောက်က "စစ်တပ်က ရန်သူရှိတဲ့နေရာကို စစ်ရေးနဲ့မသက်ဆိုင်တဲ့ နေရာတွေဗုံးကြဲတာက ပိုများတယ်။ ရခိုင်မှာဆို လူနေထူထပ်တဲ့နေရာတွေ စာသင်ကျောင်းတွေ ဘုန်းကြီးကျောင်းတွေကို အဓိကထားပြီးကြဲတာ၊ တိုက်ပွဲဖြစ်လို့ သေတာထက် စစ်တပ်က ဗုံးကြဲလို့သေတာများတယ်။ စစ်တပ်က လေယာဥ်များများဝယ်လေ ပြည်သူတွေအစုလိုက်အပြုံ လိုက်သေလေပဲ”လို့ ပြောပါတယ်။

မနေ့က တပ်တော်ဝင်ပွဲမှာ စစ်ခေါင်းဆောင်က ၂၀၁၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အထိ ၁၅ နှစ်တာကာလအတွင်း စစ်တပ်က စစ်ဘက်သုံးလေယာဥ် ၁၅ ကြိမ်ဝယ်ယူပြီး လေတပ်အင်အားဖြည့်တင်းခဲ့တယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့က ရွေးကောက်ပွဲမဖြစ်ပျက်အောင် နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နေပြီး တဖက်မှာ သောင်းကျန်းသူတွေ တဖြည်းဖြည်း     အရေးနိမ့်လာနေပြီလို့လည်း ပြောပါတယ်။

၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီလေတပ်က  ထုတ်လုပ်ထားတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စင်း အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ရဟတ်ယာဉ်၊ လေယာဉ် အနည်းဆုံး ၁၀ စင်းကျော်ဟာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ချခံရတာနဲ့ ပျက်ကျတာကြောင့် ပျက်စီးခဲ့ပါတယ်။

Photo: DSINFO 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013