DVB Logo
Home
မြန်မာသတင်း
ကင်းထောက်လေယာဥ် ၂ စီးနှင့် စစ်လေယာဉ်များ တပ်တော်ဝင်
DVB
·
December 16, 2024
ကင်းထောက်လေယာဥ် ၂ စီးနှင့် စစ်လေယာဉ်များ တပ်တော်ဝင်
Donate to DVB

၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ စစ်ကောင်စီက ထုတ်လုပ်ထားတဲ့ ကင်းထောက်လေယာဉ် MTX-1A နဲ့ MTX-1B ၂ စီး အပါအဝင် တခြားလေယာဉ်တွေနဲ့အတူ တပ်တော်ဝင်ခဲ့ပါတယ်။

မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ ဒီဇင်ဘာ ၁၅ ရက်က ပြုလုပ်တဲ့ ၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ MTX-1A နဲ့ MTX-1B ၂ စီးနဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နဲ့ ထောက်ပို့လေယာဉ်တို့ တပ်တော်ဝင်ခဲ့ပါတယ်။

၇၇ ကြိမ်မြောက် လေတပ်နှစ်ပတ်လည်နေ့ တပ်တော်ဝင်ပွဲကို စစ်ခေါင်းဆောင် တက်ရောက်ခဲ့ပြီး “ပိုင်ဆိုင်ထားတဲ့ လေယာဥ်တွေနဲ့ လက်နက်စနစ်ကို အပြည့်အဝ အသုံးချစစ်ဆင်နိုင်ဖို့အတွက် လေကျင့်သားပြည့်ဝနေမှာဖြစ်ပြီး လေကြောင်းကနေ ထိုးစစ်ဆင်ဖို့ အကြိမ်ကြိမ် လေကျင့်ဖို့” မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီက ထုတ်ထားတဲ့ ကင်းထောက်လေယာဥ်အမျိုးအစား ဖြစ်တဲ့ MTX-1A နဲ့ Turboprop အင်ဂျင်နဲ့ Glass Cockpit System အခြေခံထားတဲ့ MTX-1B လေယာဥ် ၂ စီးဟာ အာဏာသိမ်းပြီး ၄ နှစ်တာအတွင်း ထုတ်ခဲ့တာဖြစ်ပြီး ဒီနှစ် တပ်တော်ဝင်အခမ်းအနားမှာ စမ်းသပ်ပျံသန်းတာ ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ် ၇၆ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့မှာ Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စင်း တပ်တော်ဝင်ခဲ့သလို ၇၅ နှစ်မြောက် လေတပ်နှစ်ပတ်လည်နေ့က တပ်တော်ဝင်ခဲ့တဲ့ Su-30 SME တိုက်လေယာဉ် ၂ စီးလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013