DVB Logo
Home
မြန်မာသတင်း
တပ်မတော်ရေ နှစ်ပတ်လည်နေ့၌ ရေငုပ်သင်္ဘောမင်းရဲသိင်္ခသူ တပ်တော်ဝင် (ဓာတ်ပုံ)
DVB
·
December 24, 2020
တပ်မတော်ရေ နှစ်ပတ်လည်နေ့၌ ရေငုပ်သင်္ဘောမင်းရဲသိင်္ခသူ တပ်တော်ဝင် (ဓာတ်ပုံ)
1 / 10
Donate to DVB

၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို  ဒီဇင်ဘာ ၂၄ ရက်နေ့က သန်လျင်မြို့၊ သီလဝါဆိပ်ကမ်းအနီး ရန်ကုန်မြစ်ထဲမှာ ကျင်းပခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ပါတယ်။

မြန်မာ့တပ်မတော်ရေရဲ့ ၇၃ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ ရေတပ်ရဲ့ ပထမဆုံးရေငုပ်‌သင်္ဘောဖြစ်တဲ့ မင်းရဲသိင်္ခသူဟာ တပ်တော်ဝင်ခဲ့ပါတယ်။

အဲဒီ ရေငုပ်သင်္ဘောကို မြန်မာ့တပ်မတော်က အိန္ဒိယရေတပ်က ဝယ်ယူခဲ့ပြီး ရုရှားက ထုတ်လုပ်ခဲ့တာလို့ သိရပါတယ်။

မင်းရဲသိင်္ခသူနဲ့အတူ မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ အမြန်သွားတိုက်ခိုက်ရေးရေယာဉ် (ဒုံးပျံ) ၁ စီး၊ တင့်ကားတင်ကမ်းထိုး ရေယာဉ် ၁ စီး၊ ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီး တပ်တော်ဝင်ခဲ့ပြီး ကာ‌ကွယ်ရေးဦးစီးချုပ်က တက်ရောက်စစ်ဆေးခဲ့သည်။

၇၃ နှစ်မြောက် တပ်မတော်ရေ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရုရှားသံအမတ်ကြီးလည်း တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့ရေတပ်ကို ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

Photo - Ye Myo Khant / MPA 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013