DVB Logo
Home
အားကစား
ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်ရွေးချယ်
DVB
·
November 7, 2025
ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ်ကို အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပြန်ရွေးချယ်
Donate to DVB

အင်္ဂလန်လက်ရွေးစင်အသင်း လူစာရင်းမှာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဂမ်ကို ပြန်လည်ရွေးချယ်ထားတယ်လို့ သိရပါတယ်။

လာမယ့် နိုင်ငံတကာပွဲစဉ်တွေအတွက် အင်္ဂလန်အသင်း လူစာရင်းကို နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်မှာဖြစ်ပြီး ဘယ်လင်ဂမ် ပြန်လည်ပါဝင်လာမယ်လို့ ကြိုတင်ထွက်ပေါ်လာခဲ့တာပါ။

ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နိုင်ငံတကာရက်သတ္တပတ်တွေမှာ ဒဏ်ရာပြဿနာတွေအပြင် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကြောင့် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရသူပါ။

ဘယ်လင်ဂမ် မပါဝင်လည်း ကမ္ဘာ့ဖလားရနိုင်ပြီး အသင်းလိုက်စုစည်းမှုကသာ ဆုဖလားအတွက် အဓိကကျတဲ့အရာဖြစ်ကြောင်း နည်းပြတူဟယ်က မှတ်ချက်ပေးခဲ့တာပါ။

အသက် ၂၂ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမားဟာ လက်ရှိအချိန်မှာ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာပြီး ရီးရဲလ်အသင်းနဲ့ နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးသွင်းပြီး တကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013