DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်လက်ထက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရ
DVB
·
November 5, 2025
ထရမ့်ပ်လက်ထက် ပထမဆုံးကျင်းပသည့် ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရ
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယမြောက်သက်တမ်းမှာ ပထမဆုံးကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ဒီမိုကရက်တစ်ပါတီဝင်တွေပဲ အနိုင်ရသွားပါတယ်။

နိုဝင်ဘာ ၄ ရက်က ကျင်းပခဲ့တဲ့ အဓိကအကျဆုံး ရွေးကောက်ပွဲ ၃ ခုထဲက တခုမှာ ဒီမိုကရက်တစ်ပါတီဝင် ဇိုရန် မမ်ဒါနီက အနိုင်ရပြီး နယူးယောက်ခ်မြို့တော်ဝန်အသစ် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် ဒီမိုကရက်တစ် ဆိုရှယ်လစ်အဖြစ် သူ့ကိုယ်သူ ရည်ညွှန်းလေ့ရှိတဲ့ မမ်ဒါနီက ပထမဆုံး အာဖရိကဖွားနဲ့ တောင်အာရှအနွယ် မြို့တော်ဝန် ဖြစ်လာတော့မှာပါ။

အဲဒီနောက် နယူးဂျာစီနဲ့ ဗာဂျီးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး နေရာအတွက် ဒီမိုကရက် ကိုယ်စားပြု အမျိုးသမီးကိုယ်စားလှယ် ၂ ယောက်က အနိုင်ရသွားတာကို တွေ့ရပါတယ်။

ဒါကြောင့် CIA ထောက်လှမ်းရေး အရာရှိဟောင်း အဘီဂေးလ် စပန်ဘာဂါဟာ ဗာဂျီးနီးယားပြည်နယ်ရဲ့ ပထမဆုံး အမျိုးသမီးအုပ်ချုပ်ရေးမှူး ဖြစ်လာတော့မှာပါ။

အသက် ၅၃ နှစ်အရွယ် မိုက်ကီ ရှရယ်လ်ကလည်း နယူးဂျာစီပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး တာဝန်ကို ထမ်းဆောင်ရဖို့ သေချာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ မဲဆန္ဒရှင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တခုကို အတည်ပြုလိုက်ပါတယ်။

အသစ်ပြင်ဆင်ရေးဆွဲလိုက်တဲ့ အောက်လွှတ်တော် မဲဆန္ဒနယ်မြေဆိုင်ရာ မြေပုံအသစ်ကြောင့် ဒီမိုကရက်အတွက် အသာစီးရစေသလို ရီပတ်ဘလီကန် အမတ်နေရာ ၅ ခုအထိလည်း ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။

အလားတူ ပန်ဆယ်ဗေးနီးယား ပြည်နယ်တရားရုံးချုပ်က ဒီမိုကရက် တရားသူကြီး ၃ ယောက်ကို ဆက်လက်တာဝန်ထမ်းနိုင်အောင် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးချယ်တင်မြှောက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

“အခုညမှာ ထရမ့်ပ် နာမည် မဲစာရင်းထဲ မပါဝင်တာနဲ့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းနေတာက ရီပတ်ဘလစ်ကန်တွေ ရွေးကောက်ပွဲကို ရှုံးနိမ့်ရတဲ့ အကြောင်းအရင်း ၂ ခုဖြစ်တယ်” ဆိုပြီး လက်ရှိသမ္မတကိုယ်တိုင် ရေးသားထားပါတယ်။

အထက်လွှတ်တော်မှာ ဒီမိုကရက်လူနည်းစုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ချပ်ခ်ရှူးမားကလည်း “ရွေးကောက်ပွဲရလဒ်တွေဟာ ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချလိုက်တာ” ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

အမေရိကန်သမ္မတဟောင်း ဘားရက်ခ်အိုဘားမား ကတော့ အနိုင်ရတဲ့ ဒီမိုကရက် ကိုယ်စားလှယ်လောင်းတွေကို ဂုဏ်ပြုခဲ့သလို “အနာဂတ်ဟာ အနည်းငယ်ပိုပြီး တောက်ပလာပုံ ရပါတယ်” လို့လည်း ပို့စ်တင်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013